Ad-Tracking ကို Block လုပ်ထားနိုင်မယ့် Samsung Internet Web Browser ကို Android Phone တိုင်းမှာ အသုံးပြုလို့ရပြီ

date_range 31 October 2017

Ad-Tracking ကို Block လုပ်ထားနိုင်မယ့် Samsung Internet Web Browser ကို Android Phone တိုင်းမှာ အသုံးပြုလို့ရပြီ

visibility 560 Views

                Android 5.0 နှင့်အထက် Android Phone အကုန်လုံးမှာ Samsung Internet Version အသစ် ကို အသုံးပြုနိုင်ပြီလို့ သိရပါတယ်။ အခု Version မှာဆိုရင် Ad-Tracking ကို Block လုပ်ထားနိုင်မယ့် Ad-Tracking Blocker လည်း Built-In ပါဝင်လာမယ်လို့ သိရပါတယ်။

                အရင်တုန်းကတော့ Samsung Internet ဟာ Samsung ဖုန်း၊ Nexus နဲ့ Pixel ဖုန်းတွေမှာပဲ အသုံးပြုနိုင်တယ် ဆိုပေမယ့် အခုကတော့ Android Phone တိုင်းမှာ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ Play Store နဲ့ Galaxy Apps Store မှာ သွားဒေါင်းနိုင်ပါတယ်။

                အခု Samsung Internet Version အသစ်ဟာ Web Browsing လုပ်ရာမှာ မိမိရဲ့ Personal Data တွေကို Advertising Agency တွေက Track မလုပ်နိုင်စေဖို့အတွက် Ad-Tracker တွေကို Block လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Blocker လေးကို အသုံးမပြုချင်ဘူး ဆိုရင်လည်း ပိတ်ထားလို့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Secret Mode နဲ့ အသုံးပြုနေတယ် ဆိုရင်တော့ ဒီ Block လေးက Default ပွင့်နေမှာ ဖြစ်ပါတယ်။

                အခု Blocker လေးကိုတော့ အရင်တုန်းကလည်း Samsung Internet အတွက် အခု Blocker နဲ့ အလားတူတဲ့ Ad-Blocking Extension လေးကို ရေးသားပေးခဲ့ဘူးတဲ့ Disconnect ဆိုတဲ့ Cyber လုံခြုံရေး ကုမ္ပဏီကနေ ရေးသားပေးခဲ့တာ ဖြစ်ပါတယ်။ 

                Ad-Tracking Blocker တင်မဟုတ်သေးပါဘူး။ အခု Samsung Internet Version အသစ်မှာ မျက်လုံးထိခိုက်မှုကို လျော့ချပေးမယ့် Night Mode နဲ့ High Contrast Mode တို့လည်း ပါဝင်ဦးမှာပါ။ အခုဆိုရင် Ad-Tracking လုပ်တာကို တားဆီးနေတဲ့ နည်းပညာကုမ္ပဏီကြီး နောက်ထပ်တစ်ခု Apple ပြီးရင် ထပ်တိုးလာတာပဲ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Samsung Browser Web Browser Ad-Tracking Blocker Ad-Tracking
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed