Apps တွေကို iPhone X အတွက် အဆင်သင့်ဖြစ်အောင် ပြုပြင်မှုတွေ လုပ်ထားကြဖို့ Developer တွေကို Apple သတိပေး

date_range 29 October 2017

Apps တွေကို iPhone X အတွက် အဆင်သင့်ဖြစ်အောင် ပြုပြင်မှုတွေ လုပ်ထားကြဖို့ Developer တွေကို Apple သတိပေး

visibility 1500 Views

                Apple အနေနဲ့ အခုလ ၂၇ ရက်နေ့တုန်းက iPhone ပရိတ်သတ်တွေ စောင့်မျှော်နေကြတဲ့ iPhone X ကို စတင် Pre-Order လုပ်ခွင့် ပေးခဲ့ပါတယ်။ Bazel-less Screen ဖြစ်သွားတာကြောင့် Developer တွေ အနေနဲ့ မိမိတို့ရေးသားထားတဲ့ Apps တွေကို iPhone X မှာ အဆင်ပြေပြေ သုံးလို့ရနိုင်ဖို့အတွက် ပြုပြင်မှုအချို့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ 

                နောက်ပြီး Developer တွေ အနေနဲ့ iPhone X ရဲ့ Screen အပေါ်က Face ID အတွက် Components တွေနဲ့ FaceTime Camera တပ်ဆင်ထားတဲ့ Notch နေရာကိုလည်း ထည့်တွက်ရဦးမှာ ဖြစ်ပါတယ်။ App Developer တွေတင်မဟုတ်ပါဘူး။ Web Developer တွေလည်း ဒီ Notch နေရာနဲ့ပဲ တိုင်ပါတ်ကြဦးမှာ ဖြစ်ပါတယ်။ 

                ဘာလို့လဲဆိုတော့ ဒီ Notch နေရာအတွက် သီးသန့် Coding မရေးထားဘူးဆိုရင် Website တွေ၊ Apps တွေက အရင်ကလိုမျိုး Screen အပြည့်ပေါ်တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီ့ Notch နေရာမှာ Screen ကအမည်းကြီး ဖြစ်သွားပြီး Bazel-less Screen မှာမှ Apps တွေ၊ Website တွေက အပြည့်မပေါ်တာကြောင့် အရမ်းကိုကြည့်ရ ဆိုးသွားမှာ ဖြစ်ပါတယ်။ 

                Apple အနေနဲ့ မကြာသေးမီကပဲ iPhone X ရဲ့ OLED Bazel-less Display အတွက် Apps တွေ Website တွေကို လွယ်လွယ်ကူကူ Design လုပ်နိုင်မယ့် Tips တစ်ချို့ကို Developer တွေကို ပေးခဲ့ပါသေးတယ်။ နောက်ပြီး “Key Display Features” တွေဖြစ်တဲ့ Notch နဲ့ Screen ရဲ့ အပေါ်နဲ့ အောက်က Black Bars တွေကို ဖျောက်မပစ်ဖို့လည်း Developer တွေကို Instruction ပေးခဲ့ပါသေးတယ်။

                ဒါ့ကြောင့် Apple အနေနဲ့ သုံးစွဲသူတွေလက်ထဲ iPhone X မရောက်သေးခင် မိမိတို့ရဲ့ Apps တွေ၊ Website တွေကို iPhone X အတွက် အဆင့်သင့်ဖြစ်အောင် ပြုပြင်မှုတွေ လုပ်ထားကြဖို့ Apple Developer Blog မှာ Developer တွေကို သတိပေးထားတဲ့ Post တစ်ခု တင်လိုက်ပြီ ဖြစ်ပါတယ်။


                ဒီ Post ထဲမှာတော့

iPhone X အတွက် မိမိတို့ရဲ့ Update လုပ်ပြီးသား Apps တွေကို Submit လုပ်ကြပါ

                iPhone X ဟာ သုံးစွဲသူတွေလက်ထဲကို နောက်လ နိုဝင်ဘာ ၃ ရက်နေ့ကျရင် စတင် ရောက်ရှိမှာ ဖြစ်ပါတယ်။ iPhone X မှာ Super Retina Display တပ်ဆင်ထားပြီး Security အတွက် Face ID ကို အသုံးပြုထားပါတယ်။ Face ID အတွက် အသုံးပြုထားတဲ့ TrueDepth Camera က ARKit နဲ့ အလုပ်လုပ်ပြီး၊ A11 Boinic Chip ကိုလည်း CoreML, Metal 2 တို့နဲ့ လက်တွဲနိုင်အောင် Design ဆွဲထားပါတယ်။

                iPhone X Simulator ပါဝင်တဲ့ Xcode 9.0.1 ကို Download လုပ်ပြီး မိမိတို့ရဲ့ Apps တွေ iPhone X မှာ ဘယ်လို Run လည်း ဆိုတာကို စမ်းသပ်လို့ ရပါတယ်။ စမ်းသပ်ပြီးပြီ ဆိုရင်တော့ မိမိတို့ရဲ့ Updated Apps တွေကို Metadata နဲ့တကွ ဒီနေ့ပဲ iTunes Connect မှာ Submit လုပ်နိုင်ပြီ ဖြစ်ပါတယ်”

လို့ ရေးသားထားပါတယ်။

                နောက်ပြီး iTunes Connect အတွက် တင်ထားတဲ့ Post ထဲမှာလည်း “iTunes Connect မှာ iPhone X Screenshot ကို Support ပေးလိုက်ပြီ” လို့လည်း ရေးသားထားပါသေးတယ်။


References
9to5Mac
About Author
Assinged Tags
iPhone OLED Display Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed