Google Search Results ကို Location နဲ့သာ ဖော်ပြသွားတော့မှာဖြစ်ပြီး၊ Country Domains အလိုက် ပြသတော့မည်မဟုတ်

date_range 29 October 2017

Google Search Results ကို Location နဲ့သာ ဖော်ပြသွားတော့မှာဖြစ်ပြီး၊ Country Domains အလိုက် ပြသတော့မည်မဟုတ်

visibility 880 Views

                Google အသုံးပြုသူတွေအနေနဲ့ အရင်တုန်းက နိုင်ငံအလိုက် Search Results တွေကို ကြည့်ချင်တယ်ဆိုရင် Country Code Top-Level Domain Names (ccTLD) လို့ ခေါ်တဲ့ Domains တွေ ပြောင်းပြီး သုံးခဲ့ကြပါတယ်။ UK အတွက်ဆို google.co.uk ၊ သြဇီအတွက်ဆို google.com.au စသဖြင့်ပေါ့။

                ဒါပေမယ့် ဒီနေ့ကစပြီးတော့ Google Search Results ဖော်ပြမှုပုံစံဟာ ဒီ Country Domains တွေနဲ့ လုံးဝဆိုင်တော့မှာမဟုတ်ဘဲ၊ အသုံးပြုသူရဲ့ Location ကိုပဲ ကြည့်တော့မှာဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပါတယ်။ ဆိုလိုတာက ကိုယ်က UK ရောက်နေပြီး၊ google.com.mm ပဲ သုံးပြီး Search လုပ်မယ်ဆိုရင်တောင် UK နဲ့ သက်ဆိုင်တဲ့ Results တွေပဲ ကျလာတော့မှာပါ။

                Google Search Results တွေကို သုံးတဲ့လူရဲ့ Location နဲ့ပဲ Default ပြမှာဆိုပေမယ့်၊ Search Settings ထဲက “Region for Search Results” မှာတော့ သွားပြောင်းလို့ ရပါသေးတယ်။

via GIPHY

                Google အနေနဲ့ အခုလို ပေါ်လစီပြောင်းလဲရတာက Google မှာ ရှာဖွေမှု ငါးခုထဲမှာ တစ်ခုက Location နဲ့ အဓိကဆိုင်တဲ့ ရှာဖွေမှုတွေ ဖြစ်တာကြောင့် ပိုမိုထိရောက်အောင် ပြောင်းလဲရတာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

                ယခုပေါ်လစီဟာ ယနေ့ကစပြီးတော့ Desktop ကော Mobile Search တွေမှာ အကျုံးဝင်ပြီးဖြစ်ပြီး၊ Google Maps နဲ့ iOS Google App တို့မှာလည်း အလားတူပေါ်လစီကိုပဲ ကျင့်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်က ဘယ် Region (ဝါ) Country က Search Results တွေကို တွေ့ရမှာလဲဆိုတာကိုတော့ အောက်နားမှာ Region နာမည်ဖော်ပြပေးထားမှာဖြစ်ပါတယ်။


References
Google Blog
About Author
Assinged Tags
Google Search Engine Google Search Search Results Domains
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed