ကလေးငယ်တွေအတွက် ဦးတည်ထုတ်လုပ်လိုက်တဲ့ Samsung Galaxy Tab A မော်ဒယ်အသစ်

date_range 27 October 2017

ကလေးငယ်တွေအတွက် ဦးတည်ထုတ်လုပ်လိုက်တဲ့ Samsung Galaxy Tab A မော်ဒယ်အသစ်

visibility 1120 Views

                မိုဘိုင်းစျေးကွက်မှာ Android Tablets တွေ သိပ်ပြီးပေါ်ပြူတာမဖြစ်ပေမယ့်၊ Samsung အပါအဝင် တချို့ဖုန်းကုမ္ပဏီတွေကတော့ Tablet မော်ဒယ်အသစ်တွေကို ဆက်လက်ထုတ်မြဲ၊ထုတ်ဆဲပါပဲ။

                အခု ၂၀၁၇ ခုနှစ်အတွက် အသစ်ထွက်ရှိလာတဲ့ Samsung Galaxy Tab A မော်ဒယ်အသစ်ဟာ ကလေးသူငယ်တွေနဲ့ မိသားစုဝင်တွေကို ဦးတည်ထုတ်လုပ်ထားတဲ့ Tablet တစ်လုံးဖြစ်ပြီး၊ စျေးနှုန်းကတော့ ၂၃၀ ဒေါ်လာရှိပါတယ်။ Galaxy Tab A မှာ 8-inch 1200x800 pixels Display ကို အသုံးပြုထားပြီး၊ ဘက်ထရီက 5,000mAh ဘက်ထရီပါဝင်တာ တွေ့ရပါတယ်။

                Processor အနေနဲ့ကတော့ Snapdragon 425 SoC ကိုပဲ အသုံးပြုထားပြီး၊ RAM 2GB နဲ့ Internal Storage 32 GB တို့ ပါဝင်မှာပါ။ microSD ကတ် ထပ်စိုက်ချင်ရင်လည်း 256GB အထိ ထပ်စိုက်နိုင်ပါတယ်။ Tablet ဆိုတဲ့အတိုင်း ကင်မရာကတော့ သာမန် 8MP ကျောကင်မရာနဲ့ 5MP ရှေ့ကင်မရာလောက်ကိုပဲ အသုံးပြုထားမှာပါ။ Android version က Android 7.1.1 Nougat နဲ့ ထွက်ရှိလာပြီး ကလေးသူငယ်တွေ၊ မိသားစုဝင်တွေ မျှဝေသုံးစွဲဖို့ ရည်ရွယ်ထားတာကြောင့် အသုံးဝင်မယ့် Family Features လေးတွေ ပါဝင်ပါတယ်။ ဥပမာ ကလေးအတွက် သက်သက်ဖွင့်ပေးထားတဲ့ ဖုန်းအကောင့်မှာ သူတို့သုံးနိုင်တဲ့အချိန်တစ်ခု သတ်မှတ်ပေးထားပြီး၊ တချို့ Contents တွေ၊ Apps တွေကို သူတို့ သုံးမရအောင် ကြိုပိတ်ထားလို့ရတာမျိုးတွေက မိဘတွေအတွက် အသုံးတည့်မှာပါ။

                ကလေးတွေ သဘောကျမယ့် နောက်ထပ် Feature တစ်ခုကတော့ Lego အပါအဝင် Samsung Partners တွေရဲ့ Apps တွေ၊ Games တွေ အားလုံးပေါင်း ၅,၀၀၀ ကျော်လောက် ရှိမယ့် “Kids Mode” ပါ။ ဒါပေမယ့် တစ်ချို့ Apps တွေပဲ Free ရမှာဖြစ်ပြီး၊ တချို့ဟာတွေကတော့ ဝယ်သုံးရမှာပါ။ ကလေးတွေ ဂိမ်းဆော့နေတဲ့အချိန်မှာ ဖုန်း Calls တွေ၊ Notifications တွေကိုလည်း ပိတ်ပေးထားလို့ ရပါတယ်။

                Samsung Galaxy Tab A ကို အခုလာမယ့် နိုဝင်ဘာလ (၁) ရက်နေ့ကနေစပြီး၊ Samsung.com မှာ အနက်ရောင် ဒါမှမဟုတ် ငွေရောင် ကြိုက်ရာရွေးချယ်ကာ မှာယူနိုင်ပါတယ်။

References
Android Authority
About Author
Assinged Tags
Samsung Tablet Android Tablet Galaxy Tab A
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed