Nokia 8 မှာ Android Oreo Beta စတင်ရရှိနေပြီး Nokia 3, 5 နဲ့ 6 မှာလည်း မကြာခင်ရရှိမည်

date_range 26 October 2017

Nokia 8 မှာ Android Oreo Beta စတင်ရရှိနေပြီး Nokia 3, 5 နဲ့ 6 မှာလည်း မကြာခင်ရရှိမည်

visibility 2020 Views

                Android ဖုန်းထုတ်လုပ်သူကုမ္ပဏီတွေဟာ သုံးစွဲသူတွေကို ဆွဲဆောင်ဖို့အတွက် သူတို့ရဲ့ Flagship ဖုန်းတွေမှာ  Android OS အသစ်ဖြစ်တဲ့ Oreo Update ကို Beta အဖြစ်ကော၊ Stable အဖြစ်ပါ ထုတ်ပေးနိုင်ဖို့ အသည်းအသန်ကြိုးစားနေကြပါပြီ။ Google ဖုန်းတွေကလွဲလို့ အခြား Android ဖုန်းတွေထဲမှာ Android 8 Oreo Stable Update ကို Sony Xperia XZ Premium က မကြာသေးခင်ရက်ပိုင်းကတင် အစောဆုံးရရှိခဲ့ပါတယ်။

                အခုလည်း Android စျေးကွက်ကို ပြန်လည်ဝင်ရောက်လာတဲ့ Nokia က သူတို့ရဲ့ Flagship ဖုန်းဖြစ်တဲ့ Nokia 8 အတွက် Oreo Beta Version ကို ထုတ်ပေးလိုက်ပါပြီ။ 

                ဘယ် Beta version မှာမဆို Bugs တွေ Crashes တွေလို ပြဿနာလေးတွေ ပါလေ့ရှိတာဆိုတော့ နောက်ဆုံးပေါ် Features တွေကို အရင်ဆုံး စမ်းသပ်အသုံးပြုချင်တဲ့ လူတွေကလွဲလို့ သာမန် User တွေအနေနဲ့တော့ အသုံးပြုဖို့ မသင့်တော်ပါဘူး။ ဒါပေမယ့် အခု ကုမ္ပဏီတွေက ထုတ်ပေးတဲ့ Beta version တွေကတော့ ပြဿနာတွေအများကြီးမပါဝင်ပဲ နေ့တိုင်းအသုံးပြုဖို့ လုံလောက်အောင် တည်ငြိမ်လိမ့်မယ်လို့တော့ ထင်ရပါတယ်။

                ခင်ဗျားမှာ Nokia 8 ဖုန်းရှိပြီးတော့ Android Oreo Beta Version ကို အသုံးပြုချင်တယ်ဆိုရင် ယခု link ကိုနှိပ်ပြီး၊ Beta Program မှာ Sign Up လုပ်ထားဖို့တော့ လိုအပ်ပါတယ်။ IMEI Number နဲ့ တခြားအချက်အလက်တွေဖြည့်ပြီးပြီဆိုရင် ၁၂ နာရီအတွင်း OTA Update ရရှိမယ်လို့ သိရပါတယ်။ OTA Update ဖြစ်တာကြောင့် ဘာမှလုပ်စရာမလိုဘဲ၊ ကိုယ့်မှာ Notification ပေါ်လာတာနဲ့ Update လုပ်ချင်ရင် လုပ်လိုက်ရုံပါပဲ။

                Nokia အနေနဲ့ Flagship မဟုတ်တဲ့ Nokia 3,5,6 တို့ကိုလည်း Oreo Update အမြန်ဆုံးပေးနိုင်ဖို့ ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။

This Article is Contributed by YLin
References
Android and Me Nokia
About Author
Assinged Tags
Nokia Nokia 8 HMD Global Beta Android 8 Nokia 3 Nokia 5 Nokia 6 Software Update Android Update Android Oreo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed