Gmail မှာ Native Add-on တွေကို အသုံးပြုနိုင်ပြီ

date_range 26 October 2017

Gmail မှာ Native Add-on တွေကို အသုံးပြုနိုင်ပြီ

visibility 420 Views

                ယခုနှစ်အစောပိုင်းမှာတုန်းက Google က သူ့ရဲ့ Gmail Service မှာ Add-on တွေ အသုံးပြုလို့ရအောင် ပြုလုပ်သွားမယ်လို့ ကြေငြာခဲ့တာကို မှတ်မိကြမှာပါ၊ အခုအချိန်မှာတော့ Google ဟာ သူ ကတိပေးခဲ့သလိုပဲ Third-party Add-on တွေကို Gmail မှာ စတင်အသုံးပြုနိုင်ပါပြီ

                အခုအရင်ဆုံးရရှိလာတဲ့ Gmail Add-on တွေထဲမှာ Asana၊ Trello၊ DialPad၊ Intuit QuickBooks နဲ့ Wrike လိုမျိုး Service တွေ ပါမှာဖြစ်ပါတယ်။ အခုလောလောဆယ် ရရှိနေတဲ့ Add-on တွေက Enterprise တွေအတွက်ပဲ အသုံးဝင်ဦးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ DocuSign Add-on လိုမျိုး အသုံးဝင်တဲ့ Add-on တွေပါရရှိလာမယ်လို့ သိရှိရပါတယ်။ 

                အခုလိုမျိုး Gmail အတွက် Native Add-On တွေရရှိလာတာက ကောင်းမွန်တဲ့ Feature တစ်ခုပေမယ့် အခုလိုမျိုး Enterprise ဘက်ကို ဦးတည်နေတဲ့ Add-on တွေပဲရရှိနေတာက ပုံမှန်အသုံးပြုတဲ့သူတွေအတွက်ကတော့ လောလောဆည် အသုံးမဝင်သလိုပဲ ဖြစ်နေဦးမှာပါ။ ဒါပေမယ့် Third-party Developers တွေအနေနဲ့လည်း မိမိရဲ့ Services တွေကို Gmail မှာ တိုက်ရိုက် Integrate လုပ်နိုင်ပြီဖြစ်တာကြောင့် မကြာခင် တခြားအသုံးဝင်မယ့် Add-ons တွေကိုလည်း တွေ့မြင်ရဖို့ ရှိလာနိုင်ပါတယ်။

                အခုရရှိနေတဲ့ Gmail Add-ons တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ G Suite Marketplace ကို သွားရောက်ပြီးဖြစ်ဖြစ်၊ Gmail Settings Menu ထဲကနေ Get Add-ons ဆိုတာကို နှိပ်ပြီးဖြစ်ဖြစ် လောလောဆည်ရှိတဲ့ Add-on တွေထဲက ကိုယ်နှစ်သက်ရာတစ်ခုခုကို ကိုယ့် Gmail အကောင့်မှာ Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။


                Install လုပ်ထားတဲ့ Gmail Add-on က သက်ဆိုင်ရာ အီးမေးလ်တစ်ခုခုကို ဝင်ကြည့်တဲ့အခါ အလိုအလျောက်အလုပ်လုပ်မှာပါ။ G Suite User မဟုတ်တဲ့၊ သာမန် Gmail အသုံးပြုသူတွေလည်း အသုံးပြုနိုင်ပါတယ်။

via GIPHY

                Gmail Add-on တွေကို Android နဲ့ Web Browser မှာ Support ပြုလုပ်နေပြီဖြစ်ပြီးတော့ iOS အတွက်ကတော့ ဘယ်အချိန်မှာ ရရှိလာမလဲဆိုတာကို Google က အတိအကျပြောကြားထားခြင်းမရှိသေးပါဘူး။ 

References
The Verge Tech Crunch
About Author
Assinged Tags
Gmail G-Suite Gmail Add-On G Suite Marketplace Add-Ons
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed