စက္ကန့် ၆၀ စာ 'Multi-snap' Videos တွေကို Android မှာ တင်ခွင့်ပေးလိုက်ပြီဖြစ်တဲ့ Snapchat

date_range 26 October 2017

စက္ကန့် ၆၀ စာ 'Multi-snap' Videos တွေကို Android မှာ တင်ခွင့်ပေးလိုက်ပြီဖြစ်တဲ့ Snapchat

visibility 160 Views

                Snapchat မှာ အရင်တုန်းကတော့ ဆယ်စက္ကန့်စာ Videos တွေကိုပဲ Record လုပ်နိုင်၊ Share လုပ်နိုင်ခဲ့ပေမယ့် အခုတော့ အသုံးပြုသူတွေ ပိုမိုများပြားလာဖို့ နဲ့ ရှိနေတဲ့လက်ရှိအသုံးပြုသူတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ အတွက် Snapchat ဟာ ပိုမိုရှည်လျှားတဲ့ videos တွေကို တင်ခွင့်၊ Share ခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။ 

                iOS မှာတော့ ဒီFeature ကို လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ရရှိခဲ့တာဖြစ်ပြီး၊ Android OS အတွက်တော့ အခုမှ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီ Feature ကို အသုံးပြုဖို့ဆို ဘာမှထပ်လုပ်စရာမလိုပဲ ၁၀ စက္ကန့် ကျော်တဲ့အထိ Record button ကို ဆက်နှိပ်ထားရုံပါပဲ။ ၁၀စက္ကန့်ပြည့်တိုင်းမှာ ရိုက်ကူးနေတာ ၁၀စက္ကန့်ပြည့်ပြီဆိုတဲ့ အမှတ်အသားပေါ်လာမှာဖြစ်ပြီး ဒီလိုအမှတ်အသား ၆ ကြိမ်ပေါ်တဲ့အထိ ဆက်တိုက်ရိုက်ကူးနိုင်မှာပါ။


                အားလုံးရိုက်ကူးပြီးသွားတာနဲ့ ကိုယ်မလိုချင်တဲ့ ၁၀စက္ကန့်စာအပိုင်းတွေကိုလည်း ဖျက်ပစ်နိုင်ပါတယ်။ ပြီးရင်တော့ Filters တွေထည့်တာ စာတန်းထိုးတာတွေကိုလည်း စိတ်ကြိုက်ပြင်ဆင်ပြုလုပ်နိုင်ပါသေးတယ်။ ဒါတွေလုပ်ပြီးရင်တော့ ခင်ဗျားရဲ့သူငယ်ချင်းတွေကို မျှဝေတာ ဒါမှမဟုတ် ခင်ဗျားရဲ့ Story ထဲကို ပေါင်းထည့်တာတွေကို အရင်လိုပဲပြုလုပ်နိုင်မှာပါ။

                အခုလောလောဆယ်တော့ Halloween အချိန်နဲ့ နီးနေပြီဖြစ်တာကြောင့် ရွှေဖရုံသီးပုံတွေ သရဲပုံတွေ ကို Video ထဲထည့်သွင်းပြီး တစ္ဆေပုံစံပြုလုပ်နိုင်မယ့် Halloween Theme ကို ထည့်သွင်းပေးထားပါသေးတယ်။ ဒီ 'Multi-snap' Feature ဟာ Server Update လား ဒါမှမဟုတ် မကြာခင်ကပေးခဲ့တဲ့ Update မှ ာထည့်သွင်းပေးခဲ့တာလားဆိုတာတော့ ကွဲကွဲပြားပြားမသိရသေးပါဘူး။ Snapchat နောက်ဆုံး update ကိုအသုံးပြုချင်ရင်တာ့ ယခု Play Store link မှာ ရယူနိုင်ပါတယ်။

This Article is Contributed by YLin
References
Android Police
About Author
Assinged Tags
Android Android App Snapchat Multi-snap Videos
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed