iOS 11 “App of the Day” Feature သစ်ဟာ Download အကြိမ်အရေအတွက် ၂,၀၀၀% ကျော်အထိ တိုးမြှင့်ပေးနိုင်ကြောင်း တွေ့ရှိ

date_range 25 October 2017

iOS 11 “App of the Day” Feature သစ်ဟာ Download အကြိမ်အရေအတွက် ၂,၀၀၀% ကျော်အထိ တိုးမြှင့်ပေးနိုင်ကြောင်း တွေ့ရှိ

visibility 340 Views

                iOS 11 တရားဝင် ထွက်ရှိလာခဲ့တဲ့ အချိန်ကစပြီး Apptopia ဆိုတဲ့ Website က ပြောင်းလဲသွားတဲ့ App Store ကို လေ့လာမှုတွေ ရက် ၃၀ တိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒီ ရက် ၃၀ လေ့လာမှု အပြီးမှာတော့ iOS 11 App Store ဟာ Download အကြိမ်အရေအတွက်ကို တော်တော်ကြီး တိုးမြှင့်ပေးခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။


                “App of the Day” ဆိုတဲ့ Feature လေးဟာ iOS 11 မှာ Redesign လုပ်လိုက်တဲ့ App Store မှာမှ စတင်ပါဝင်လာတာ မဟုတ်ပါဘူး။ အရင် iOS Version တွေမှာထဲက ဒီ Feature လေး ပါဝင်ပါတယ်။ ဒါပေမယ့် အခုပုံစံသစ် App Store မှာတော့ ဒီ Feature လေးကို ပေါ်ပေါ်လွင်လွင်နဲ့ ရှင်းရှင်းလင်းလင်း ပြသနိုင်တာကြောင့် အခုလိုမျိုး Download အကြိမ်အရေအတွက်ကို သိသိသာသာ တိုးမြှင့်ပေးလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

                ဒီ Feature လေးမှာ “App of the Day” နဲ့ “Game of the Day” ဆိုပြီး နှစ်မျိုးခွဲထားပါသေးတယ်။ Apptopia က တွေ့ရှိချက်အရ “App of the Day” Feature က Download အကြိမ်အရေအတွက် ၂,၁၇၂% အထိ မြှင့်ပေးခဲ့ပြီး၊ “Game of the Day” ကတော့ ၉၆၃% အထိ မြှင့်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

                အဲ့ဒီ့အပြင်၊ အခြား Features တွေဖြစ်တဲ့ “Weekdays”, “Weekends”, “Paid Apps/Games”, “Free Apps/Games” စတာတွေကတော့ Apps Download အကြိမ်အရေအတွက် ၁,၇၄၇%၊ Game Download အကြိမ်အရေအတွက် ၇၉၂% အထိ တိုးမြှင့်ပေးခဲ့ပါတယ်။

                နောက်ပြီး Apps အခု ၃၀ Download လုပ်တဲ့အခါမှာ ၅ ခုက Paid Apps, ၁၁ ခုက Paid Games တွေဖြစ်တယ်လို့လည်း Apptopia က တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး Paid Apps ၅ ခုမှာ ၃ ခု၊ Paid Games ၁၁ ခုမှာ ၄ ခုက “Weekend” ဆိုတဲ့ Feature မှာ ဖော်ပြခြင်းခံရတဲ့ Apps တွေ၊ Games တွေ ဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။

                Apptopia အနေနဲ့ အခုလေ့လာမှုမှာ အဓိကကျတဲ့ အကျဉ်းချုပ် အချက်သုံးချက်ကိုလည်း ထုတ်ပြန်ထားပါသေးတယ်။ ဒီအချက်လေးတွေကတော့

  1. Games တွေထက် Apps တွေက Download အကြိမ်အရေအတွက် ပိုမြှင့်ခြင်း
  2. “Weekday” Feature က “Weekend” Feature ထက် ပိုပြီး ထိရောက်မှုရှိခြင်း
  3. Free Apps/Games တွေကို Paid Apps/Games တွေထက်ပိုပြီး Download လုပ်ကြခြင်း

တို့ပဲ ဖြစ်ပါတယ်။

References
9to5Mac
About Author
Assinged Tags
App Store Apple iOS 11
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed