Google Lens preview ကို Pixel နဲ့ Pixel XL အချို့မှာ စတင်အသုံးပြုခွင့်ပေးခဲ့တဲ့ Google

date_range 25 October 2017

Google Lens preview ကို Pixel နဲ့ Pixel XL အချို့မှာ စတင်အသုံးပြုခွင့်ပေးခဲ့တဲ့ Google

visibility 460 Views

                Google ဟာ သူ့ရဲ့ Camera App အသစ်ဖြစ်တဲ့ Google Lens ကို Google I/O 2017 မှာ ဒီနှစ်အစပိုင်းက မိတ်ဆက်ပေးခဲ့ပါတယ်။ Google lens Application မှာ ခင်ဗျား ကင်မရာနဲ့ ချိန်လိုက်တဲ့ အရာဝတ္ထုတွေ အထင်ကရနေရာတွေ ဆိုင်းဘုတ်တွေလို အရာဝတ္ထုတွေရဲ့ အချက်အလက်တွေကို Google Goggles မှာ ပြသ သလိုဖော်ပြပေးတာတွေအပြင် အခြား အလန်းစား features တွေလည်း ပါဝင်ပါတယ်။


                Google Lens ကို ဒီနှစ်ကုန်ပိုင်းလောက်မှာမှ Google Pixel 2 နဲ့ Pixel 2 XL တွေမှာ စတင်အသုံးပြုနိုင်လိမ့်မယ်လို့ အရင်အပတ်က သိရှိခဲ့ရပေမယ့်၊ ဒီ application ဟာ အခုအချိန်ကတည်းက စတင်ထွက်ရှိလာဖို့ တာစူနေပါပြီ။ မကြာခင်မှာပဲ Pixels 2 series အပြင် ယခင်ထွက်ရှိထားတဲ့ Pixel ဖုန်းတွေမှာပါ စတင်အသုံးပြုနိုင်မယ်လို့ ထင်ရပါတယ်။

                အချို့ အရင် Pixel ဖုန်းပိုင်ရှင်တွေဟာ အောက်မှာဖော်ပြထားသလို Google Lens preview ကို စတင်အသုံးပြုဖို့ ကမ်းလှမ်းလာတဲ့ Notifications တွေကို လက်ခံရှိခဲ့တယ် လို့ Reddit website က comments တွေကတဆင့် သိရှိခဲ့ရကြောင်း 9to5google Website မှာဖော်ပြခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုတွေကိုတော့ Google Photos version 3.7 က တဆင့်ရှိခဲ့တာဖြစ်ပြီး ဒီ version အသုံးပြုသူအကုန်လုံးကိုလည်း ကမ်းလှမ်းခဲ့တာ မဟုတ်ဘူးလို့ဆိုပါတယ်။


                ကမ်းလှမ်းခံရသူတွေဟာ Preview Version ကို မသုံးဘူးလို့ cancel လုပ်နိုင်သလို အပေါ်က screenshot မှာဖော်ပြထားတဲ့ Features တွေပါဝင်တဲ့ Preview Version ကို စမ်းသုံးကြည့်ဖို့လည်း လက်ခံနိုင်ပါတယ်။ လောလောဆည်တော့ Invitation ရတဲ့လူတွေပဲ အသုံးပြုခွင့်ရဦးမှာပါ။

                ဒါပေမယ့် နောက်ပိုင်းကျရင်တော့ Google Lens ကို Google Assistant ရဲ့တစိတ်တပိုင်းအနေနဲ့ Pixels ဖုန်းတွေမှာသာမက Android devices အကုန်လုံးမှာပါ တဖြည်းဖြည်းနဲ့ ရရှိနိုင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အခုအခြေအနေမှာ သုံးချင်ရင်တော့ ခင်ဗျားကံကောင်းရင် Google Photos ကတဆင့် စမ်းသပ်အသုံးပြုခွင့်ရနိုင်ပါလိမ့်မယ်။ Good Luck, Guys!

This Article is Contributed by YLin
References
Android Authority
About Author
Assinged Tags
Google Google Photos Google Pixel Pixel 2 Google Lens Google Lens Preview
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed