eSIM နဲ့ Android Wear 2.0 ပါဝင်လာတဲ့ Huawei Watch 2 Pro

date_range 24 October 2017

eSIM နဲ့ Android Wear 2.0 ပါဝင်လာတဲ့ Huawei Watch 2 Pro

visibility 580 Views

                Huawei ကနေ Mate 10 နဲ့ Mate 10 Pro ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီး အခုနောက်ဆုံးအနေနဲ့ Huawei Watch 2 Pro Android Smartwatch တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ အခုလိုမျိုး Smartwatch တစ်ခုကို ထုတ်လုပ်သွားမယ်လို့ ကြိုတင်ကြေငြာသွားခြင်းမရှိသလို အခု Huawei Watch 2 Pro ကိုလည်း တရုတ်နိုင်ငံတွင်းမှာပဲ ကြေငြာခဲ့တာဖြစ်ပါတယ်။


                အခုထွက်ရှိလာတဲ့ Huawei Watch 2 Pro ဟာဆိုရင် ရောင်းချနေဆဲဖြစ်တဲ့ Huawei Watch 2 Classic နဲ့ တူညီတယ်လို့ ပြောလို့ရပြီး Watch 2 Pro မှာ eSIM Support ပြုလုပ်တာနဲ့ Google Services တွေမပါဝင်တဲ့ Android Wear 2.0 ပါဝင်လာတာတွေပဲ ကွာခြားသွားမှာဖြစ်ပါတယ်။


                အခုထွက်ရှိလာတဲ့ Huawei Watch 2 Pro ရဲ့ eSIM ဟာ ဆိုရင် 4G/3G/2G Connection တွေကို Support ပြုလုပ်ပြီးတော့ WiFi နဲ့ Bluetooth Connection တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Watch 2 Pro မှာ Huawei Pay, Alipay နဲ့ Wechat Pay လိုမျိုး Payment တွေအတွက် NFC လည်း ပါဝင်ဦးမှာပါ။ 

                Specifications တွေအနေနဲ့တော့ Huawei Watch 2 Classic နဲ့ တူညီတယ်လို့ ပြောလို့ရပြီး Snapdragon 2100 Processor, 768MB RAM, 4GB Storage ပါဝင်မှာဖြစ်ပါတယ်။ Watch 2 Pro ရဲ့ ဒိုင်ခွက် Display က 1.2" AMOLED Display ပါဝင်မှာဖြစ်ပြီး Resolution က 390×390 Pixel ရှိပါတယ်။ Huawei Watch 2 Pro က IP 68 Rating Support ပြုလုပ်တဲ့အတွက် ၁ မီတာခွဲအနက်မှာ နာရီဝက်အထိ ရေစိမ်ခံနိုင်မှာဖြစ်ပါတယ်။ 


                Huawei Watch 2 Pro က Chinese Version Android Wear 2.0 ကို အသုံးပြုထားတဲ့အတွက် အခြား Smartwatch တွေလိုမျိုး Google Assistant ကို အသုံးပြုထားမှာမဟုတ်ပဲ တရုတ်နိုင်ငံရဲ့ Voice Assistant တစ်ခုဖြစ်တဲ့ Baidu Assistant ကို ထည့်သွင်းလာမှာဖြစ်ပါတယ်။ 

                အဆိုပါ Huawei Watch 2 Pro Smartwatch ကို တရုတ်နိုင်ငံမှာ $390 ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ Google Assistant မပါဝင်သလို တရုတ်နိုင်ငံမှာပဲ အသုံးပြုနိုင်တဲ့ eSIM တွေကြောင့် တရုတ်နိုင်ငံပြင်ပမှာတော့ အသုံးပြုနိုင်ဖို့ မရှိသေးဘူးလို့ ယူဆရပါတယ်။


References
Android Authority
About Author
Assinged Tags
Huawei Gadgets Smartwatch Wearable eSIM Huawei Watch 2 Pro Android Wear Android Wear 2.0
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed