Razer ကနေ Streamer တွေအတွက် Seiren X Microphone နဲ့ Kiyo Webcam တွေကို ထုတ်လုပ်

date_range 23 October 2017

Razer ကနေ Streamer တွေအတွက် Seiren X Microphone နဲ့ Kiyo Webcam တွေကို ထုတ်လုပ်

visibility 260 Views

                Razer ကနေ Video Streaming လုပ်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် Portable Microphone တစ်ခုနဲ့ Webcam တစ်ခုကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အဆိုပါ Razer Product ၂ ခုက လက်ရှိမှာ Video Game တွေကို Streaming ပြုလုပ်နေတဲ့ Gamer တွေအတွက် အဓိကရည်ရွယ်ထားတာပါ။


                ပထမဆုံး Razer Kiyo Webcam မှာဆိုရင် ပုံမှန် Webcam တစ်ခုလိုပဲ 4 Megapixels Camera ပါဝင်ပြီး Full HD 1080P ကို 30fps, ပုံမှန် HD Resolution ကို 60fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီးတော့၊ လက်ရှိအချိန်မှာ နာမည်ကြီး Streaming Tools တွေဖြစ်တဲ့ XSplit နဲ့ Open Broadcaster Software တွေနဲ့ အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။


                Razer Kiyo မှာ ထူးခြားချက်အနေနဲ့က ကင်မရာပတ်လည်မှာ LED မီး ၁၂ လုံးပါဝင်မှာဖြစ်ပြီး Brightness Level ၁၂ ခုအထိ ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ အခုလိုမျိုး Selfie Light ပါဝင်လာတာက Video Streaming ပြုလုပ်တဲ့ Gamer တွေကို ညအမှောင်ထဲမှာလည်း ရိုက်ကူးနိုင်မှာပါ။ PC နဲ့ ချိတ်ဆက်ဖို့အတွက်ကတော့ ၁.၅ မီတာရှည်တဲ့ USB 2.0 ပိုးကြိုး (braided cable) ပါရှိပါတယ်။



                နောက်ထပ် Product တစ်ခုဖြစ်တဲ့ Razer Seiren X Microphone ကတော့ ယခင် Razer Seiren Elite Microphone နဲ့ တူညီတယ်လို့ပြောနိုင်ပြီးတော့ ယခု Seiren X Microphone မှာတော့ USB Interface ကို ပြောင်းလဲအသုံးပြုလာတာပဲဖြစ်ပါတယ်။ အဆိုပါ Seiren X Microphone ဟာဆိုရင် Vibrations တွေကို ခံနိုင်ရည်ရှိအောင်ပြုလုပ်ထားတယ်လို့ သိရပြီး ဖြုတ်နိုင်တပ်နိုင်တဲ့ Desk Stand နဲ့ Audio Lag တွေကို ဖယ်ရှားနိုင်မယ့် Zero Latency Monitoring စနစ်ပါဝင်မှာဖြစ်ပါတယ်။ 


                Razer က အခုဒီ Product ၂ ခုဟာ လက်ရှိ Twitch နဲ့ YouTube မှာရှိတဲ့ Streamer တွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး၊ Streamer တွေအနေနဲ့ ခရီးသွားလာနေတဲ့အချိန်တွေမှာလည်း အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

                ဈေးနှုန်းတွေအနေနဲ့တော့ Razer Seiren X Microphone နဲ့ Razer Kiyo Microphone ၂ မျိုးစလုံးကို $99.99 နဲ့ အသီးသီးဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ Razerzone.com ကနေ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။


References
The Verge
About Author
Assinged Tags
Razer Live Streaming Gaming Related Webcam Microphone Streaming Razer Seiren X Razer Kiyo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed