App တစ်ခုကို Install မလုပ်ခင်မှာ စမ်းသုံးကြည့်နိုင်မယ့် “Android Instant Apps” ကို Play Store မှာ အသုံးပြုနိုင်ပြီ

date_range 21 October 2017

App တစ်ခုကို Install မလုပ်ခင်မှာ စမ်းသုံးကြည့်နိုင်မယ့် “Android Instant Apps” ကို Play Store မှာ အသုံးပြုနိုင်ပြီ

visibility 8060 Views

                Google က Play Store မှာ အပြောင်းအလဲတချို့ပြုလုပ်ထားကြောင်း ဒီနေ့ပဲ ကြေငြာလိုက်ပါတယ်။ ဒီအပြောင်းအလဲတွေထဲမှာ အထူးခြားဆုံးတစ်ခုကတော့ “Android Instant Apps” တွေကို Play Store မှာ ပေါင်းထည့်ပေးလိုက်တာဖြစ်ပါတယ်။

                Android Instant Apps ဆိုတာ ပြီးခဲ့တဲ့ Google I/O ပွဲတုန်းက ကြေငြာခဲ့တဲ့ နည်းပညာအသစ်တစ်ခုဖြစ်ပြီး၊ Developers တချို့ကိုပဲ စတင်အသုံးပြုခွင့်ပေးခဲ့ကာ၊ ပြီးခဲ့တဲ့ မေလကမှ Android Studio 3.0 နဲ့အတူ Developer တိုင်း အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

                စတင်စမ်းသပ်ပြတုန်းက Android Instant Apps ရဲ့ အလုပ်လုပ်ပုံကတော့ User တစ်ယောက်က Android App ရှိတဲ့ URL တစ်ခုခုကို နှိပ်လိုက်တာနဲ့ Google Play က လိုအပ်တဲ့ App အစိတ်အပိုင်းအချို့ကိုပဲ Download ပြုလုပ်ကာ၊ User အတွက် အဆိုပါ App ကို စမ်းသုံးနိုင်အောင် ဖော်ပြပေးမှာဖြစ်ပါတယ်။ မူရင်း App တစ်ခုလုံးရဲ့ Feature အကုန်လုံးတော့ မရနိုင်ပေမယ့်၊ App တစ်ခုလုံး Install ပြုလုပ်ချင်ရင်လည်း Instant Apps ထဲကနေ Install ထပ်လုပ်နိုင်ပါတယ်။ 

                စမိတ်ဆက်တုန်းက Web URL တွေကနေ တဆင့်ပဲ အသုံးပြုနိုင်တဲ့ ဒီ Feature ကို အခုတော့ Google က သူ့ရဲ့ Play Store ထဲမှာပါ ထည့်သွင်းပေးလိုက်ပြီ ဆိုတော့ ကိုယ် Install လုပ်ချင်တဲ့ App တစ်ခုကို File Size အများကြီး အကုန်ခံ Download ပြုလုပ်စရာ မလိုတော့ဘဲ၊ ဒီ App က ကိုယ့်အကြိုက် ကိုက်ရဲ့လားဆိုတာ User တွေနဲ့ အမြည်းသုံးကြည့်နိုင်တော့မှာပါ။

                လောလောဆည်တော့ Apps လေးငါးဆယ်မျိုးလောက်ပဲ Instant Apps အနေနဲ့ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ Android App တစ်ခုက Instant App အနေနဲ့ စမ်းသုံးကြည့်နိုင်တယ်ဆိုရင် ‘Install’ ဆိုတဲ့ ခလုတ်ဘေးနားမှာ ‘Try Now’ ဆိုတဲ့ ခလုတ်လေး ပါဝင်မှာပါ။ Google AMP လိုမျိုး မိုးကြိုးသွားပုံလေးလည်း ပြထားမှာ ဖြစ်ပါတယ်။

via GIPHY

                ဒါပေမယ့် Google ရဲ့ ပြောကြားချက်အရ ယခု “Android Instant Apps” Feature ကို Android ဖုန်းတစ်ချို့မှာပဲ ရရှိသေးတယ်လို့ သိရတာကြောင့် မိမိဖုန်းမှာ မရသေးဘူးဆိုရင် ခဏလောက် ထပ်စောင့်ဖို့ လိုပါလိမ့်မယ်။

References
TechCrunch The Verge
About Author
Assinged Tags
Google Android Android App Google Play Store Android Instant Apps
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed