Instant Articles တွေကို လစဉ်ကြေးပေးဖတ်ရှုရမယ့် အစီအစဉ်တစ်ခုကို Android မှာ စတင်စမ်းသပ်နေတဲ့ Facebook

date_range 20 October 2017

Instant Articles တွေကို လစဉ်ကြေးပေးဖတ်ရှုရမယ့် အစီအစဉ်တစ်ခုကို Android မှာ စတင်စမ်းသပ်နေတဲ့ Facebook

visibility 200 Views

                Facebook ဟာ Instant Articles တွေကို လစဉ်ကြေးဖတ်ရှုနိုင်မယ့် Subscription ပုံစံတစ်မျိုးကို အသုံးပြုဖို့ စိုင်းပြင်းနေတာ တော်တော်ကြာပါပြီ။ မကြာသေးမီကဆို Facebook မှာပဲ Instant Articles တွေ ဖတ်နိုင်ဖို့အတွက် သူ့ရဲ့ Messenger မှာတောင် Instant Articles Support ကို ဖြုတ်ပစ်ခဲ့ပါသေးတယ်။

                အခုအခါမှာတော့ Facebook ဟာ ဒီ Instant Articles Subscription ကို US နဲ့ Europe မှာ စတင်စမ်းသပ်တော့မှာဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပြီး၊ နောက်ထပ်ရက်သတ္တပတ်တော်တော်ကြာ စမ်းသပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။


                အခုစမ်းသပ်မှုထဲမှာ ပါဝင်တဲ့ သတင်းမီဒီယာ Publishers တွေမှာ The Economist, The Telegraph, The Los Angeles Times, The Washington Post, Bild နဲ့ The Boston Globe စတဲ့ နာမည်ကြီးသတင်းမီဒီယာတွေတော်တော်များများ ပါဝင်ပါတယ်။

                Facebook ဟာ Instant Articles တွေအတွက် Subscription ပုံစံနှစ်မျိုးကို နှိုင်းယှဉ်စမ်းသပ်သွားမှာဖြစ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။ အဆိုပါပုံစံနှစ်မျိုးကတော့ သတင်း/ဆောင်းပါး (၁၀) ခုကို အခမဲ့ဖတ်ရှုပြီးမှ လစဉ်ကြေးပေးဖတ်ရှုရမယ့် Subscription Model နဲ့ Publishers တွေကိုယ်တိုင်က ဘယ် Articles ကတော့ အခမဲ့ဖတ်ရှုနိုင်ပြီး၊ ဘယ်ဟာကို ဖတ်ချင်ရင်တော့ Subscription Plan လိုတယ်ဆိုတဲ့ Model နောက်တစ်မျိုးတို့ ဖြစ်ပါတယ်။ ဒုတိယနည်းလမ်းကတော့ နာမည်ကြီးသတင်းမီဒီယာတစ်ချို့က သူတို့ရဲ့ Website မှာ အသုံးပြုနေတဲ့ပုံစံမျိုးပဲ ဖြစ်ပါတယ်။

                အသုံးပြုသူတစ်ယောက်ယောက်က မီဒီယာတစ်ခုခုကို Subscribe လုပ်ချင်တယ်ဆိုရင် အဆိုပါမီဒီယာက ငွေသွင်းငွေလွှဲကို တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပြီး၊ ဒီငွေကို Publisher က 100% ရရှိမှာဖြစ်ကာ၊ Facebook က တပြားမှ ဖြတ်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ဒီအချက်ကတော့ Publisher တွေ သဘောတွေ့နိုင်တဲ့ အချက်တစ်ခုပါ။
လောလောဆည်မှာတော့ ဒီ Subscription ပုံစံကို Android က Instant Articles တွေမှာပဲ စမ်းသပ်နေပါတယ်။ ဘာလို့လည်းဆိုတော့ Apple က In-App Sales လို့ခေါ်တဲ့ App တွင်းရောင်းချရမှုတွေကနေ ၃၀ ရာခိုင်နှုန်းတိတိ ကော်မရှင်ယူတာကြောင့် iOS မှာတော့ စမ်းသပ်ဦးမှာမဟုတ်သေးပါဘူး။ 

                ၂၀၁၅ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Instant Articles တွေကို ကြိုက်နှစ်သက်တဲ့ Publisher တွေရှိသလို၊ စမိတ်ဆက်ကတည်းက သဘောမတွေ့တဲ့ Publisher တွေ၊ စမ်းသုံးကြည့်ပြီးမှ မကြိုက်တော့တဲ့ Publisher တွေလည်း အခုထက်ထိ ရှိဆဲဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Facebook Android Instant Articles Subscription Monetization Facebook for Android
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed