Instant Articles တွေကို Messenger ကနေ ပြန်ဖယ်ရှားလိုက်တဲ့ Facebook

date_range 13 September 2017

Instant Articles တွေကို Messenger ကနေ ပြန်ဖယ်ရှားလိုက်တဲ့ Facebook

visibility 440 Views

                Facebook ရဲ့ ကိုယ်ပိုင် Mobile Article Format ပုံစံတစ်ခုဖြစ်တဲ့ Instant Articles တွေက Facebook အသုံးပြုသူတွေအကြားမှာ တော်တော်နာမည်ရတဲ့ Article Format တစ်ခုလို့ ဆိုရမှာပါ။

                သာမန် Web Content Articles တွေထက် Loading Time ဆယ်ဆလောက် ပိုမြန်တဲ့ Instant Articles တွေကို ၂၀၁၅ ခုနှစ်မှာ Facebook က စတင်မိတ်ဆက်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ်၊ ဂျူလိုင်လမှာတော့ Messenger ထဲမှာပါ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အခုတစ်နှစ်ကျော်အကြာမှာတော့ Messenger ကနေ Instant Articles တွေကို ပြန်ဖယ်ရှားလိုက်ပြန်ပါပြီ။

“ Instant Articles တွေ ပိုကောင်းလာအောင်နဲ့ စာဖတ်သူတွေကော Publisher တွေအတွက်ပါ ပိုမိုအကျိုးရှိစေဖို့အတွက် Instant Articles အတွက် ကျနော်တို့ရဲ့ အားထုတ်ရင်းနှီးမှုတွေကို Facebook App ထဲမှာပဲ အာရုံစိုက်လုပ်ဆောင်တော့မှာပါ။ Messenger မှာတော့ Instant Articles တွေ ဖတ်ရတော့မှာ မဟုတ်ပါဘူး”

                လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက TechCrunch ကို ပြောကြားခဲ့ပါတယ်။

                ဒါပေမယ့် Messenger ဟာ “သတင်းဖတ်ရှုဖို့နေရာတစ်ခု” အဖြစ်တော့ ရှိနေဦးမှာဖြစ်ပြီး၊ သတင်းတင်ဆက်သူ Media တွေရဲ့ Messenger Bots တွေကနေတဆင့် သတင်းတွေ ဆက်ယူနိုင်ဦးမှာပါ။

                Facebook ရဲ့ Instant Articles တွေဟာ လိုအပ်ချက်လေးတွေ ရှိနေတာကြောင့်  စကတည်းက လုံးဝမသုံးတဲ့ နာမည်ကြီး Publishers တွေ၊ စမ်းသုံးပြီး မသုံးတော့တဲ့ Publishers တွေ ရှိပါတယ်။ ဒီထဲမှာ Guardian, Forbes, The New York Times, Bloomberg, Wall Street Journal, ESPN, CBS News, NPR, Financial Times စတဲ့ နာမည်ကြီး Media တွေ ပါဝင်ပါတယ်။ 

                ပြီးခဲ့တဲ့သြဂတ်စ်လလောက်တုန်းက ထွက်ရှိခဲ့တဲ့ သတင်းတွေအရဆိုရင် Facebook ဟာ ပိုက်ဆံပေးပြီးဖတ်ရှုနိုင်တဲ့သတင်းပုံစံ တစ်မျိုးကို စမ်းသပ်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ ဒီ အစီအစဉ်မှာ Instant Articles တွေက အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လာနိုင်ပါတယ်။

                Facebook ဟာ Instant Articles အပြင်၊ Loading Time မလိုဘဲ ကြည့်ရှုနိုင်တဲ့ Instant Videos ဆိုတဲ့ Feature သစ်တစ်ခုကိုလည်း စမ်းသပ်နေပြီလို့ သိရပါတယ်။

References
TechCrunch Engadget
About Author
Assinged Tags
Facebook Messenger Social Media Instant Articles Instant Videos
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed