“Live Location Sharing” Feature ကို ရရှိလာတော့မယ့် WhatsApp

date_range 18 October 2017

“Live Location Sharing” Feature ကို ရရှိလာတော့မယ့် WhatsApp

visibility 140 Views

                Live Location Sharing ဟာ Facebook Messenger မှာ Popular ဖြစ်ခဲ့တဲ့ Feature တစ်ခုလို့ပြောရင်တော့ မှားမယ်မထင်ပါဘူး။ မိမိဘယ်မှာရှိနေတယ်ဆိုတာကို Location Share တာကိုတော့ Instant Messaging Apps တွေမှာ အတော်များများတွေ့ရှိခဲ့ရပေမယ့်လည်း၊ မိမိ Location ကို Live Update အမြဲလုပ်ပေးနေတဲ့ Live Location Sharing ဟာ မိမိဘယ်မှာရှိနေတယ်ဆိုတာကို ခဏခဏ ပြသပေးနေစရာမလိုတာကြောင့် အတော်ကိုအသုံးဝင်ပါတယ်။ 

                ဒီ Live Location Sharing ကို Google Maps ကနေ မတ်လတုန်းက စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Facebook Messenger ဟာလည်း မတ်လကုန်လောက်မှာပဲ ဒီ Feature ကို စ တင်အသုံးပြုလို့ရခဲ့ပြီး၊ ဇွန်လမှာတော့ Snapchat အသုံးပြုသူတွေလည်း Live Location Sharing ကို အသုံးပြုလို့ရခဲ့ပါတယ်။ 

                လက်ရှိအချိန်မှာတော့ Facebook ရဲ့လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ WhatsApp ဟာလည်း Live Location Sharing Feature ထည့်သွင်းပေးတော့မယ်ဆိုတဲ့အကြောင်းကို WhatsApp Blog မှာ ကြေညာခဲ့ပါတယ်။ ဒီ Feature ကို လာမည့်ရက်သတ္တပတ်အတွင်းမှာ မြင်တွေ့လာရဖို့ရှိပြီး၊ Message Menu ကနေတစ်ဆင့် “Share Live Location” ဆိုတာကို အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ 

                တကယ်လို့သာ ဒီ Feature ကို Group Chat ထဲမှာရှိတဲ့သူတွေ အကုန်အသုံးပြုပြီး အချင်းချင်းရှာဖွေလိုတယ်ဆိုရင် Map တစ်ခုတည်းအပေါ်မှာ ဘယ်သူက ဘယ်နေရာမှာရှိတယ်ဆိုတာကို သေသေချာချာတွေ့မြင်နိုင်မှာဖြစ်တဲ့အတွက် Group Meeting တွေ၊ ဒါမှမဟုတ် သူငယ်ချင်းအချင်းချင်း အပြင်မှာချိန်းကြတဲ့အခါ အတော်လေးကိုအသုံးဝင်မှာဖြစ်ပါတယ်။ 

References
Android Police
About Author
Assinged Tags
Android App Messenger Live Location iOS App Related WhatsApp Instant Messaging Live Location Sharing
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed