Personal Data တွေ အသေးစိတ်ကောက်ခံမှုကို ဆက်လက်မပြုလုပ်တော့ဘူး ဟု OnePlus ပြောကြား

date_range 16 October 2017

Personal Data တွေ အသေးစိတ်ကောက်ခံမှုကို ဆက်လက်မပြုလုပ်တော့ဘူး ဟု OnePlus ပြောကြား

visibility 1040 Views

                လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်က OnePlus ဟာ Analytics Data တွေကို ကောက်ခံတဲ့အခါမှာ ဖုန်း Unlock/Lock ပြုလုပ်တဲ့အချိန်တွေနဲ့ ဘယ် App ကို ဘယ်အချိန်မှာသုံးတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေအထိ ကောက်ခံနေတယ်ဆိုတာကို Security Researcher တစ်ယောက်ရဲ့ ပြောကြားချက်အရ သိရှိခဲ့ရပါတယ်။

                OnePlus ဖုန်းတွေဟာ စျေးနှုန်းချိုသာပြီး Performance ကောင်းမွန်တဲ့ Flagship စမတ်ဖုန်းတွေကို ရောင်းချပေးနိုင်ခဲ့တာကြောင့် အခြား OEM တွေရဲ့ Flagship တွေကို ကျော်တက်နိုင်တဲ့ “Flagship Killer” လို့တောင် ကုမ္ပဏီကကြွေးကြော်ထားပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး အသုံးပြုသူရဲ့ Personal Data အချက်အလက်တွေကို အသေးစိတ်ကောက်ခံမှုအကြောင်း အင်တာနက်မှာ ပြန့်နှံ့ခဲ့တာကြောင့် OnePlus ရဲ့ ပုံရိပ်ဟာ အလွန်ဆိုးရွားသွားခဲ့ပါတယ်။

                ကောက်ခံမှုတွေအထဲမှာ ဖုန်းရဲ့ IMEI, ဖုန်းနံပါတ်, MAC Addresses, Mobile Network နာမည်တွေနဲ့ IMSI Prefixes တွေလည်းပါဝင်တယ်လို့ Christopher Moore ဆိုတဲ့ Security Researcher တစ်ယောက်ရဲ့ ပြောကြားချက်အရ သိရှိထားရပါတယ်။ 

                OnePlus ကုမ္ပဏီရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Carl Pei ဟာ ဒီလိုမျိုး Data တွေကောက်ခံမှုအတွက် လုံခြုံတဲ့ Data Transit တွေကိုအသုံးပြုထားပြီး၊ Data Stream နှစ်မျိုးနဲ့ (User Analytics နဲ့ Device Information) ကောက်ခံခဲ့တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒီလိုမျိုး ကောက်ခံမှုတွေဟာ အသုံးပြုသူတွေအတွက်ပဲဖြစ်ပြီး၊ ဖုန်းရဲ့ Operating System နဲ့ အခြား User Experience တွေမှာ ပိုမိုကောင်းမွန်ဖို့ ရည်ရွယ်ထားတာ သက်သက်ပဲဖြစ်ပါတယ်လို့ သိရှိရပါတယ်။ 

                Pei ကနေပြီးတော့ ဒီ Information တွေဟာ ကုမ္ပဏီရဲ့အတွင်းထဲမှာပဲ ရှိနေတာဖြစ်ပြီး၊ ကုမ္ပဏီပြင်ပမှာ ပေါက်ကြားထားတာမျိုးလည်း လုံးဝမရှိဘူးလို့လည်း ပြောကြားထားပါသေးတယ်။ ဒါပေမယ့်လည်း အသုံးပြုသူတွေရဲ့ Privacy အတွက်ကြောင့် ကုမ္ပဏီဟာ ဖုန်းနံပါတ်တွေ၊ MAC Addresses တွေ၊ Wi-Fi Information တွေနဲ့ အခြား Personal Data တွေကို ကောက်ခံမှု လုံးဝမပြုလုပ်တော့ဘူးလို့ Carl Pei ကနေ ကတိတစ်ခု ပေးခဲ့ပါတယ်။

                ဆက်လက်ပြီးတော့လည်း လာမယ့် အောက်တိုဘာလကုန်ကျရင် ဒီလိုမျိုး Analytics Data ကောက်ခံမှုတွေကို အသုံးပြုသူတွေဆီကနေ ခွင့်ပြုချက်သေချာတောင်းခံဖို့အတွက် Oxygen OS မှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးသွားမယ်လို့လည်း သိရှိရပါတယ်။ 

                ဒါကြောင့်မို့လို့ ယခုအောက်တိုဘာလကုန်ကျရင်တော့ OnePlus အနေနဲ့ OS Update တစ်မျိုးထုတ်လုပ်ပေးဖို့ရှိတယ်လို့ ခန့်မှန်းရပြီး၊ ဒီ Update မှာတော့ အသုံးပြုသူအချက်အလက်တွေကို လိုတာထက် ပိုမိုမကောက်ခံဖို့နဲ့ User Experience Program အတွက် ခွင့်ပြုချက်ကို သေသေချာချာ ပြန်လည်တောင်းခံသွားဖို့လည်း ပြင်ဆင်ပေးထားမယ်လို့ မျှော်မှန်းရပါတယ်။ 

References
The Verge
About Author
Assinged Tags
Security User Privacy OnePlus 5 OnePlus Privacy OnePlus 2 Information Security Personal Data Collecting Personal Data
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed