Internet ပေါ်မှာ ရှာဖွေသမျှကို လေ့လာမှတ်သားထားပေးနိုင်မယ့် Cortana ရဲ့ “Collection Feature” အသစ်

date_range 15 October 2017

Internet ပေါ်မှာ ရှာဖွေသမျှကို လေ့လာမှတ်သားထားပေးနိုင်မယ့် Cortana ရဲ့ “Collection Feature” အသစ်

visibility 580 Views

                Microsoft ရဲ့ Digital Assistant ဖြစ်တဲ့ Cortana ဟာ Internet ပေါ်မှာ မိမိရှာဖွေထားတဲ့ စာအုပ်တွေ၊ TV Shows တွေ၊ ဇာတ်လမ်းတွေ၊ ဟင်းချက်နည်းတွေနဲ့ စားသောက်ဆိုင်တွေကို မှတ်သားထားပေးနိုင်မယ့် Collection Feature အသစ် ကို Windows Insider Preview Build 17017 မှာ စတင်ထည့်သွင်းပေးထားပါတယ်။ 

                ဒီ Collection Feature အသစ်ဟာ Web ပေါ်မှာရှိတဲ့အချက်အလက်တွေကို မှတ်သားထားပေးနိုင်တဲ့ Pinterest လိုပုံစံမျိုးကို Windows 10 Device တွေမှာ အသုံးပြုလို့ရအောင် ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ်။ 

                Cortana ဟာ မိမိ Website Browsing ပြလုပ်နေတဲ့အချိန်မှာ သိမ်းထားလို့သင့်တဲ့ Content တစ်ခုခုကို တွေ့တာနဲ့ Pop-Up Notification တစ်ခုပြသပေးသွားမှာဖြစ်ပါတယ်။ ဒီ Pop-Up ဟာ အသုံးပြုသူအနေနဲ့ Website ပေါ်မှာရှိတဲ့ အချက်အလက်တွေကို စာရင်းတစ်ခုပြုလုပ်ပြီး သိမ်းဆည်းထားမှာလား၊ ဒါမှမဟုတ် မသိမ်းဆည်းပဲ Notification ကို Dismiss လုပ်မှာလား ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ (ဒီ Feature ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ အသေးစိတ်ကိုတော့ အောက်က YouTube Video မှာ ကြည့်ရှုနိုင်ပါတယ်)


                Microsoft အနေနဲ့ Cortana ရဲ့ Collection Feature အတွက်

Cortana လေးဟာ အမြဲတမ်းလေ့လာနေမှာဖြစ်တာကြောင့် Cortana ကို သင်ကနေ များများကူညီခိုင်းတယ်ဆိုရင် Cortana ကလည်း သင်လိုအပ်တာတွေအတွက် အများကြီးပြန်လည်ကူညီပေးနိုင်မှာဖြစ်တယ်

                လို့ ရေးသားထားပါသေးတယ်။ 

                တကယ်လို့သာ မိမိအနေနဲ့ Internet ပေါ်မှာ Browse လုပ်သမျှကို Digital Assistant က လိုက်ကြည့်ရှုမှတ်သားနေတာ အဆင်ပြေတယ်ဆိုရင်တော့ ဒီ Feature လေးက အတော်ကိုအသုံးဝင်မှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း မိမိကိုယ်ရေးကိုယ်တာ အချက်အလက်နဲ့ Internet ပေါ်မှာ Browse လုပ်သမျှကို ဘယ်သူမှ မသိစေချင်ဘူးဆိုရင်တော့ ဒီ Collection Feature ကို ပိတ်ထားဖို့လိုပါလိမ့်မယ်။ 

References
The Verge
About Author
Assinged Tags
Microsoft Windows 10 Cortana Windows Insider Preview Build Cortana Collections Collections
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed