System Requirements မြင့်တဲ့ PC Games တွေကို Mac မှာ ကစားလို့ရမယ့် Nvidia GeForce Now for Mac ကို စတင်အသုံးပြုနိုင်ပြီ

date_range 14 October 2017

System Requirements မြင့်တဲ့ PC Games တွေကို Mac မှာ ကစားလို့ရမယ့် Nvidia GeForce Now for Mac ကို စတင်အသုံးပြုနိုင်ပြီ

visibility 620 Views

                ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ CES ပွဲတုန်းက ကြေငြာသွားခဲ့တဲ့ Nividia ရဲ့ GeForce Now for Mac ကို သောကြာနေ့က စတင်ကာ Beta ဗားရှင်းအနေနဲ့ အခမဲ့ စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

                Nvidia GeForce Now ဆိုတာ Sony က လုပ်ထားတဲ့ PlayStation Now လိုပဲ Cloud Gaming Service တစ်ခုဖြစ်ပြီး၊ Nivida Shield အတွက် ( အရင် Nivdia GRID) ရယ် အခု Mac အတွက်ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ Windows PC တွေအတွက်လည်း ထပ်ထွက်လာဖို့ ရှိပါတယ်။

                ယခု Beta အနေနဲ့ စတင်ထွက်ရှိလာတဲ့ GeForce Now for Mac မှာတော့ Mac အသုံးပြုသူတွေအနေနဲ့ System Requirements မြင့်တဲ့ PC Games တွေကို အင်တာနက်ရှိရုံနဲ့ ကိုယ့် Mac မှာ ကစားနိုင်မှာပါ။


                GeForce Now ဟာ Cloud Server ထဲက GeForce GTX GPUs တွေရဲ့ စွမ်းဆောင်ရည်ကို အသုံးပြုပြီး၊ Games တွေကို Cloud ထဲမှာပဲ Run မှာ ဖြစ်ကာ၊ တဖက်က Mac ကို Video Streaming ပြန်လုပ်ပေးမှာဖြစ်တာကြောင့် Hardwares နိမ့်တဲ့ MacBook Air တွေမှာတောင် PC Game အမြင့်တွေ ဆော့ကစားနိုင်မှာပါ။ ဒါပေမယ့် အင်တာနက်ကွန်နက်ရှင်ကတော့ တော်တော်ကောင်းမှ ဆော့လို့ရမှာ ဖြစ်ပြီး၊ အနည်းဆုံး Download Speed က 25 Mbps လောက်ရှိမှ ဆော့နိုင်မှာ ဖြစ်တယ်လို့ Nivdia က ဆိုတာကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ လောလောဆည်လည်း ဒီ Cloud Gaming Client ကို US နဲ့ Canada တို့မှာပဲ အသုံးပြုနိုင်သေးပါတယ်။ GeForce Now for Mac အတွက် System Requirements ကိုတော့ ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

                GeForce Now ဟာ Cloud Server ထဲက Virtual GeForce GTX Gaming PC ကို အသုံးပြုပြီး ကစားရမှာ ဖြစ်တာကြောင့်၊ Mac အတွက် မထွက်ထားတဲ့ PC Games တွေကိုလည်း ဆော့ကစားနိုင်မှာပါ။ PC Games တွေပဲ ရပါမယ်။

                GeForce Now ဟာ Steam နဲ့ ချိတ်ဆက်ထားတာကြောင့် ကိုယ့် Steam Account ထဲက ဝယ်ထားတဲ့ Games တွေ၊ Free-to-Play Games တွေကို GeForce Now for Mac App ထဲမှာ အဆင်သင့်ပြန်ဆော့နိုင်မှာပါ။ Game ကို စတင် မ Run ခင်မှာ ကိုယ့် Network Connection က ဆော့ဖို့အဆင်ပြေရဲ့လားဆိုတာကိုလည်း Nvidia က အလိုအလျောက်စစ်ပေးဦးမှာ ဖြစ်ပါတယ်။ Geforce Now for Mac မှာ လောလောဆည် Support လုပ်ထားတဲ့ ဂိမ်းစာရင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။ 

                Nvidia GeForce Now for Mac ကို ယခုနှစ်ကုန်အထိ စမ်းသပ်သွားဖို့ရှိပြီး၊ စမ်းသပ်နေစဉ်အတောအတွင်းမှာတော့ အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက် Official ထွက်လာရင်တော့ လစဉ်ကြေးပေးရတဲ့ Subscription Plan တွေနဲ့ ဖြစ်သွားမှာပါ။ စျေးနှုန်းတော့ မသိရသေးပါဘူး။

References
Apple Insider Nvidia
About Author
Assinged Tags
Nvidia GeForce Now GeForce Now for Mac Cloud Gaming Service
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed