MPT က Mobile Seminar ပွဲပေါင်း ၁၀၀ ကျော်ကို နိုင်ငံတဝှမ်းမှာ ပြုလုပ်သွားမည်

date_range 13 October 2017

MPT က Mobile Seminar ပွဲပေါင်း ၁၀၀ ကျော်ကို နိုင်ငံတဝှမ်းမှာ ပြုလုပ်သွားမည်

visibility 400 Views

                မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကနေပြီး Mobile Seminar ပွဲတွေကို ယခုလမှစတင်ပြီး ၂၀၁၈ ခုနှစ် မတ်လအထိ နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်ကျင်းပသွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။


                အဆိုပါကာလအတွင်း ဘေးကင်းလုံခြုံတဲ့ မိုလ်ဘိုင်းအင်တာနက်အသုံးပြုမှုများနဲ့ ပတ်သတ်တဲ့ Mobile Seminar ပေါင်း ၁၁၀ ကို ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

                အခမဲ့တက်ရောက်နိုင်မယ့် MPT Mobile Seminar တွေကို ကျောင်းတွေ၊ တက္ကသိုလ်တွေ နဲ့ နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ ပြုလုပ်သွားမှာပါ။

                တက်ရောက်သူတွေအနေနဲ့ မိုလ်ဘိုင်းအင်တာနက်ဒေတာဝန်ဆောင်မှုတွေကို အပြည့်အဝ အသုံးချတက်စေရန်၊ စမက်ဖုန်းတွေကို ဘေးကင်လုံခြုံစွာ ကုန်ကျစရိတ် သက်သက်သာသာ နဲ့ အသုံးပြုနိုင်ရန် လမ်းညွန်ချက်တွေကို ပြသပေးသွားမှာဖြစ်ပါတယ်။

                ဆွေးနွေးပွဲတွေမှာ မိုလ်ဘိုင်းဖုန်းအသုံးပြုပုံနဲ့ ကျင့်ဝတ်တွေ၊ အင်တာနက် အသုံးပြုရာတွင် မည့်သို့လုံခြုံစွာ အသုံးပြုနိုင်မယ်ဆိုတဲ့အချက်တွေ၊ Cyber အနိုင်ကျင့် ခြိမ်းခြောက်ခြင်းတွေနဲ့ နှောက်ယှက်ခြင်းတွေကို ဘယ်လိုတားဆီးရမယ်ဆိုတဲ့နည်းလမ်းတွေ၊ မိမိတို့ကိုယ်ပိုင်အချက်အလက်တွေကိုကာကွယ်ခြင်း စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

"တစ်နိုင်ငံလုံးရဲ့ မိုလ်ဘိုင်းအင်တာနက်အသုံးပြုမှုနှုန်း တိုးတက်လာပေမယ့် Cyber အလွဲသုံးစားလုပ်မှုတွေ၊ ဘေးကင်းစွာ အင်တာနက်အသုံးပြုနည်းလမ်းတွေ စတဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး နားလည်သိရှိမှုအပိုင်းတွေမှာတော့ ကွာဟချက်တွေရှိနေပါသေးတယ်"

                လို့ MPT KSGM Joint Operations ရဲ့ CCO ဖြစ်သူ Mr. Reizo Umeda က သုံးသပ်ပြောကြားခဲ့ပါတယ်။

                မြန်မာနိုင်ငံတဝှမ်းမှာ အခုအချိန်ထိအောင်မြင်မှုရရှိနေခဲ့တဲ့ Mobile Seminar ပွဲတွေကို ယခု ၂၀၁၇ ခုနှစ်မှာ တစ်ကျော့ ပြန်လည်စတင်နိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်လို့လည်း Mr. Reizo Umeda က ဆိုပါတယ်။

                MPT ဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်အတွက် Mobile Seminar ပွဲပေါင်း ၁၉၅ ပွဲကို တက္ကသိုလ်တွေနဲ့ စက်မှုဇုန်တွေမှာ ကျင်းပခဲ့ပါတယ်။

References
MPT
About Author
Assinged Tags
Local News Local Tech News MPT Mobile Seminars
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed