Steven Spielberg ရဲ့ “Amazing Stories” ကို Apple က ကိုယ်ပိုင်ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးမည်

date_range 11 October 2017

Steven Spielberg ရဲ့ “Amazing Stories” ကို Apple က ကိုယ်ပိုင်ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးမည်

visibility 280 Views

                iPhones, iPads, iMacs, MacBooks တွေအပြင်  Apple TV တွေကိုပါ ထုတ်လုပ်နေပြီဖြစ်တဲ့ Apple ဟာ ကိုယ်ပိုင် Hardwares, Softwares တွေကိုသာမ ကိုယ်ပိုင် Content တွေကိုပါ ဖန်တီးဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

                The Wall Street Journal ကနေ နောက်ဆုံးရရှိထားတဲ့သတင်းတစ်ခုအရ Apple ဟာ Steven Spielberg ရဲ့ Sci-Fi, Horror, Anthology TV Series တစ်ခုဖြစ်တဲ့ “Amazing Stories” ကို ပြန်လည်အသက်သွင်းရိုက်ကူးဖို့အတွက် စာချုပ်ချုပ်ဆိုပြီးဖြစ်တယ်လို့ သိရပါတယ်။ Amazing Stories TV Series ဟာ ၁၉၈၅ ခုနှစ်နဲ့ ၁၉၈၇ ခုနှစ်အတွင်းမှာ NBC ကနေ ပြသခဲ့တဲ့ နာမည်ကြီးတီဗီဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး၊ Emmy Awards ငါးခုတိတိ ရခဲ့တဲ့ တီဗီဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

                Apple ကနေ ပြန်လည်ရိုက်ကူးမယ့် Amazing Stories TV Series ကို မူလ TV Series ကို ရိုက်ကူးခဲ့တဲ့ Steven Spielberg ပိုင် Amblin Entertainment နဲ့ NBC ရဲ့ Universal Television တို့ကပဲ ပြန်လည်ရိုက်ကူးသွားမှာဖြစ်ပြီး၊ Episodes ၁၀ ခု ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ Episode တစ်ခုကို Budget ဒေါ်လာ ငါးသန်းအထိ အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

                Apple ရဲ့ “Amazing Stories” ဇာတ်လမ်းတွဲအသစ်မှာ ဒါရိုက်တာအဖြစ် Steven Spielberg က ပြန်လည်တာဝန်ယူမလားဆိုတာကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် သတင်းတွေအရ Spielberg ဟာ ဒီစီးရီးအသစ်မှာ Executive Producer အဖြစ်တော့ ရှိမှာဖြစ်တယ်လို့ သိထားရပါတယ်။

                လာမယ့်နှစ်တွေမှာ ကိုယ်ပိုင်ရုပ်ရှင်၊ဇာတ်လမ်းတွဲတွေဖန်တီးဖို့ ကြိုးစားနေတဲ့ Apple ဟာ ဒီလုပ်ငန်းအတွက် ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှပ်နှံသွားဖို့ ရှိပြီး၊ ယခု Amazing Stories က ပထမဆုံးခြေလှမ်းဖြစ်နိုင်ပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ဂျွန်လတုန်းကလည်း Sony Pictures Television ရဲ့ ဦးစီးခေါင်းဆောင်တွေဖြစ်တဲ့ Jamie E rlicht နဲ့ Zack Van Amburg တို့ကို ကုမ္ပဏီဆီ ခေါ်ယူပြီး ဖြစ်တာကြောင့်၊ Original Contents တွေ ဖန်တီးမယ့် အစီအစဉ်ကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ဖို့ ရှိပါတယ်။

                Apple ပရိတ်သတ်တွေ အဓိကသိချင်မယ့်မေးခွန်းတစ်ခုကတော့ Apple ဟာ ဒီ TV Series တွေကို ဘယ်လို ပြသသွားမလဲ ဆိုတာပါ။ Apple အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်၊ဇာတ်လမ်းတွဲတွေကို iTunes Store ကနေပဲ ရောင်းချသွားမှာလား၊ ဒါမှမဟုတ် Netflix တို့လို ကိုယ်ပိုင် Streaming Service Platform တစ်ခုလုပ်ပြီး ပြသသွားမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

                အတွင်းသတင်းတွေအရတော့ Apple ဟာ အခုတီဗီစီးရီးအသစ်အတွက် တကယ့်နာမည်ကြီးသရုပ်ဆောင်တွေ၊ Producers တွေ၊ ဇာတ်ညွှန်းရေးသူတွေကိုပဲ ခေါ်ယူအသုံးပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

“ Apple Brand နဲ့ လိုက်အောင် နာမည်ကြီးပါပေ့ဆိုတဲ့ တကယ့်ဆရာကြီးတွေကိုပဲ သုံးဖို့ သူတို့ ကြိုးစားနေပါတယ်”

                လို့ Apple ရဲ့ ဗျူဟာတွေနဲ့ ပတ်သတ်ပြီး အတွင်းကျကျသိတဲ့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

                Apple အပြင် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Facebook ကလည်း ကိုယ်ပိုင်တီဗီအစီအစဉ်၊ ဇာတ်လမ်းတွဲတွေကို ဖန်တီးထုတ်လုပ်ဖို့ ကြိုးစားနေတာကြောင့်၊ Entertainment လောကမှာလည်း နည်းပညာကုမ္ပဏီကြီးတွေ စိုးမိုးလာနိုင်ပါတယ်။

References
The Verge Reuters
About Author
Assinged Tags
TV Series TV Shows Apple Original Contents Amazing Stories Steven Spielberg
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed