Samsung Galaxy Note 8 (Snaprdragon) ကို Knox မပျက်ပဲ Root ပြုလုပ်နိုင်ပြီ

date_range 11 October 2017

Samsung Galaxy Note 8 (Snaprdragon) ကို Knox မပျက်ပဲ Root ပြုလုပ်နိုင်ပြီ

visibility 1060 Views

                XDA Developers Forum မှာ လက်ရှိ Samsung ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy Note 8 စမတ်ဖုန်းကို Root ပြုလုပ်နိုင်တဲ့ နည်းလမ်းကို တွေ့ရှိခဲ့ပြီပဲဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းကို SamFAIL လို့ နာမည်ပေးထားပြီး အခုလိုမျိုး Root လုပ်လိုက်ပေမယ့်လည်း Samsung ရဲ့ Knox Security ကို မထိခိုက်ဘူးလို့ ပြောကြားထားပါသေးတယ်။ ဒါပေမယ့် အခုနည်းလမ်းဟာ US Version, Snapdragon Processor နဲ့ရောင်းချတဲ့ Galaxy Note 8 အတွက်ပဲဖြစ်ပြီး Exynos Processor မော်ဒယ်တွေအတွက်တော့ ထွက်ရှိထားခြင်းမရှိသေးပါဘူး။ 

                ယခု Root ပြုလုပ်တဲ့နည်းစနစ်က Samsung ရဲ့ တရားဝင် ODIN Utility Software ကနေ Modified Boot Image ကို Flash ပြုလုပ်တဲ့နည်းစနစ်ဖြစ်ပြီး၊ Bootloader Unlock ဒါမှမဟုတ် SIM Unlock လုပ်သွားမှာမဟုတ်ပဲ Root Privileges ကို ရရှိစေမှာဖြစ်ပါတယ်။ Bootloader Unlock မလုပ်တဲ့အတွက် Knox ကိုလည်း ထိခိုက်ခြင်းမရှိပဲ အချိန်မရွေး နဂိုမူလအတိုင်းဖြစ်အောင် Stock Firmware ကိုအချိန်မရွေး ပြန်တင်လို့ရတယ်လို့ သိရပါတယ်။ 

                Knox ဆိုတာကတော့ Samsung ဖုန်းတွေမှာပါဝင်တဲ့ လုံခြုံရေးစနစ်တစ်ခုဖြစ်ပြီး တကယ်လို့ Root ပြုလုပ်ခြင်း၊ Bootloader Unlock တို့ကြောင့်ပျက်သွားရင် Warranty ဆုံးရှုံးမယ့်အပြင် Samsung Pay လိုမျိုး Features တွေကိုပါ သုံးစွဲလို့မရဖြစ်သွားမှာပါ။ 

                အခု Root ပြုလုပ်တဲ့ နည်းစနစ်က Knox မပျက်တဲ့အတွက် Warranty ကို မထိခိုက်နိုင်ပေမယ့်လည်း Google ရဲ့ SafetyNet API ကိုတော့ Fail ဖြစ်တယ်လို့ သိရပါတယ်။ Google SafetyNet API ကို ကျော်လွှားနိုင်တဲ့ Magisk လိုမျိုး Root Application ကိုလည်း သုံးစွဲလို့မရတဲ့အတွက် အချို့သော Pokemon Go, Netflix စတဲ့ Google SafetyNet Pass ဖြစ်ဖို့ လိုအပ်တဲ့ Application တွေကိုတော့ သုံးစွဲနိုင်မှာမဟုတ်ပါဘူး။ နောက်ထပ် အားနည်းချက်တစ်ခုကတော့ Samsung Galaxy Note 8 ဟာ Root ပြုလုပ်ပြီးတာနဲ့ Battery အားသွင်းရင် 80% အထိပဲ သွင်းနိုင်တော့မှာဖြစ်ပါတယ်။ 

                အဲ့ဒီလိုမျိုး Battery ကို 80% အထိပဲ အားသွင်းနိုင်တာက ပြီးခဲ့တဲ့ Samsung Galaxy S8, S8+ ဖုန်းတွေကို Root လုပ်ထဲက တွေ့ရှိခဲ့ရတာဖြစ်ပြီး၊ XDA Developers တွေကတော့ ဖုန်းက ပုံမှန်အတိုင်းအားသွင်းနေပြီး Battery Indicator ကပဲ ဆက်မတက်တော့ပဲ ရပ်သွားတာဖြစ်တယ်လို့ ပြောထားပါတယ်။ 

                ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ Samsung Galaxy Note 8 (Snapdragon Version) ရှိပြီး Root ပြုလုပ်ဖို့ စိတ်ဝင်စားရင်တော့ အသေးစိတ်ကို ယခု XDA Forum Link မှာဖတ်ရှုနိုင်မှာပါ။

References
XDA Developers
About Author
Assinged Tags
Samsung Galaxy Note 8 Galaxy Note 8 (Exynos)
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed