Xposed Framework ကို Android Nougat ဖုန်းတွေမှာ စတင်အသုံးပြုနိုင်ပြီ

date_range 10 October 2017

Xposed Framework ကို Android Nougat ဖုန်းတွေမှာ စတင်အသုံးပြုနိုင်ပြီ

visibility 780 Views

                Android ဖုန်းတွေမှာ Root လုပ်ထားတယ်ဆိုရင် Xposed Framework ထည့်သွင်းပြီး များစွာသော Xposed Module တွေကနေ တစ်ဆင့် မိမိစိတ်ကြိုက်ဖုန်းရဲ့ Notification Bar, Status Bar, Network Speed Meter အစရှိတဲ့ Features တွေကို ပြောင်းလဲအသုံးပြုလို့ရပါတယ်။ အခုလိုမျိုး ဖုန်းကို စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Xpose Framework ကို အခုအချိန်မှာ Lead Developer, rovo89 ကနေ Android 7.0 နဲ့ Android 7.1 Devices တွေမှာ အသုံးပြုနိုင်တဲ့ Versions တွေကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ 

                Xposed Framework Application ကို သုံးတော့မယ်ဆိုရင် တစ်ခုသိထားသင့်တာက Xposed Framework တစ်ခုထဲသွင်းပြီးတာနဲ့ ပြင်ဆင်နိုင်တာမျိုးမဟုတ်ပဲ Xposed Module တွေကိုပါ ထည့်သွင်းပြီးတော့မှ ကိုယ့်စိတ်ကြိုက်ပြင်ဆင်လို့ရတာဖြစ်ပါတယ်။ နာမည်ကြီး Xposed Module တစ်ခုက Gravity Box ဖြစ်ပြီး အခြားကျန်တဲ့ Xposed Module တွေကိုလည်း ယခု Link မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 


                တစ်ခုသတိထားသင့်တာကတော့ သင့်ဖုန်းက Android 7.0 နဲ့ အထက်ဆိုရင် အခုမှ Xposed Framework က စတင် Support ပေးတဲ့အတွက် Module တိုင်းကတော့ အလုပ်လုပ်မယ်လို့ အာမမခံနိုင်သေးတာပဲဖြစ်ပါတယ်။ 

                Xposed Framwork ကို Download ပြုလုပ်မယ်ဆိုရင်တော့ အရင်ဆုံး Xposed Installer Application ကို ဒီကနေ Download ပြုလုပ်ရမှာဖြစ်ပါတယ်။ 

                ပြီးရင် ယခု Link ကနေ ကိုယ့်ဖုန်းနဲ့ ကိုက်ညီတဲ့ SDK Version ကို Download ပြုလုပ်ပြီး၊ အဆိုပါ Zip File ကို TWRP Recovery ကနေ Flash ရမှာဖြစ်ပါတယ်။ SDK 21 က Android 5.0, SDK 22 က Android 5.1, SDK 23 က Android 6.0, SDK 24 က Android 7.0 နဲ့ SDK 25 က Android 7.1 အတွက်ပဲဖြစ်ပါတယ်။ 

                တကယ်လို့ Xposed Framework ကို Uninstall လုပ်ချင်တယ်ဆိုရင်တော့ အပေါ်က Link မှာပါဝင်တဲ့ Uninstaller Zip File ကို TWRP Recovery ကနေ ပြန်ပြီး Flash လိုက်ရင် အဆင်ပြေမှာဖြစ်ပါတယ်။ 

                Xposed Framework ဟာ Root ပြုလုပ်ထားတဲ့ဖုန်းတွေအတွက် အကောင်းဆုံးပြင်ဆင်နိုင်မှုကို ပေးစွမ်းနိုင်ပေမယ့် တကယ်လို့ ဖုန်း Software အကြောင်းနားလည်ပြီး မတော်တဆ Firmware Brick ဖြစ်သွားတာတွေကို ပြန်လည်ဖြေရှင်းနိုင်တယ်ဆိုမှ စမ်းသပ်အသုံးပြုကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသုံးမပြုခင် Data Backup ကို မဖြစ်မနေရယူထားပြီး အသုံးပြုတဲ့အချိန်မှာလည်း လူသုံးများပြီး Stable ဖြစ်တဲ့ Modules တွေကိုပဲ ရွေးချယ်အသုံးပြုတာက အဆင်ပြေမှာပါ။

                တကယ်လို့ တစ်ခုခု Update သတင်းတွေ သိချင်တာရှိရင်လည်း Xposed Framework ရဲ့ မူရင်း XDA Link မှာ ဖတ်ရှုနိုင်ပါတယ်။ Developer rovo89 ကတော့ အခု Android Nougat Devices တွေအတွက် Xposed Framework ကို ထုတ်ပေးပြီး လက်ရှိအချိန်မှာတော့ Android 8.0 Oreo အတွက် စတင်ပြုလုပ်နေပြီလို့ ပြောထားပါတယ်။ 

References
XDA Developers Android Authority
About Author
Assinged Tags
Android Android Nougat Xposed Framework Xposed Modules
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed