Microsoft ရဲ့ Groove Music Streaming Service ကို ရပ်နားပြီး Spotify နဲ့ ပူးပေါင်းသွားမည်

date_range 10 October 2017

Microsoft ရဲ့ Groove Music Streaming Service ကို ရပ်နားပြီး Spotify နဲ့ ပူးပေါင်းသွားမည်

visibility 280 Views

                လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်တုန်းက Microsoft ဟာ သူရဲ့ Xbox Music ကို Groove Music ကို ပြောင်းလဲပစ်ခဲ့ပြီး၊ အခုအချိန်မှာတော့ Groove Music Streaming Service ကိုလည်း ရပ်နားတော့မယ်လို့ ကြေငြာခဲ့ပါတယ်။ Microsoft ဟာ Groove Service နေရာမှာ လက်ရှိအသုံးပြုသူအများအပြားရှိနေတဲ့ Spotify Music နဲ့ ပူးပေါင်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

                Microsoft ဟာ လစဉ်ကြေးပေးပြီး နားထောင်ရတဲ့  Groove Music Streaming Subscription ဖြစ်တဲ့ Groove Music Passes တွေ ရောင်းချနေမှုကို မကြာခင်ရပ်ဆိုင်းသွားမှာဖြစ်ပြီး၊ လုံးဝပိတ်သိမ်းလိုက်မယ့် လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာဆိုရင် Subscribe လုပ်ထားပြီးသားလူတွေကို ပြန်လည် Refund ထုတ်ပေးသွားမယ်လို့လည်း သိရပါတယ်။ 

                ဒီ့အပြင် Microsoft ဟာ Spotify နဲ့ပူးပေါင်းပြီး Groove Music Subscribers တွေကို သူတို့ရဲ့ Music Playlists တွေကို Spotify ဆီ အလွယ်တကူကူးပြောင်းနိုင်အောင် ဆောင်ရွက်နေပြီပဲဖြစ်ပါတယ်။ မကြာခင်အချိန်အတွင်းမှာ Windows 10 က Groove Music Application ကိုလည်း Update ပြုလုပ်သွားမှာဖြစ်ပြီး၊ အဆိုပါ Update ကို Windows Insider အသုံးပြုသူတွေက အရင်ရရှိမှာဖြစ်ကာ၊ Windows 10 အသုံးပြုသူအားလုံးအနေနဲ့ နောက်တစ်ပတ်ထဲမှာ ရရှိမယ်လို့ သိရပါတယ်။

                Spotify ဟာ လက်ရှိအချိန်မှာ Windows Store မှာရော၊ Xbox One အတွက်ပါ Application အနေနဲ့ ရှိနေပြီဖြစ်တာကြောင့်၊ Groove Music အသုံးပြုတွေအနေနဲ့ အလွယ်တကူပြောင်းလဲနိုင်မှာပါ။ 

                Groove Music Streaming Service ကို ရပ်နားလိုက်တယ်ဆိုပေမယ့် Microsoft ရဲ့ အဆိုအရတော့ Groove Music ဟာ Windows 10 Music Player Application တစ်ခုအနေနဲ့တော့ ဆက်လက်ရှိနေဦးမှာဖြစ်ပြီး Local Music Files တွေနဲ့ OneDrive မှာ သိမ်းဆည်းထားတဲ့ သီချင်းတွေကို နားထောင်နိုင်ဦးမယ်လို့ ရပါတယ်။ အခုလိုမျိုး Windows မှာ ပါဝင်ပြီးသား Groove Music Streaming Service ကို ရပ်ဆိုင်းပြီး Spotify ကို ပြောင်းလဲသုံးဖို့ Microsoft ကိုယ်တိုင်က Recommend ပေးနေတာဟာ Spotify Music ကို ပိုပြီး အသုံးပြုသူများပြားလာစေမှာ အသေအချာပါပဲ။

References
The Verge
About Author
Assinged Tags
Microsoft Spotify Xbox One Music Streaming Service Groove Music
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed