ThinkPad Laptop ၂၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ThinkPad 25th Anniversary Edition ကို Lenovo မိတ်ဆက်

date_range 09 October 2017

ThinkPad Laptop ၂၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ThinkPad 25th Anniversary Edition ကို Lenovo မိတ်ဆက်

visibility 420 Views

                IBM ကုမ္ပဏီကနေ Business Laptop အမျိုးအစားဖြစ်တဲ့ ThinkPad Laptop ကို ထုတ်လုပ်ခဲ့တာ ၂၅ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ Lenovo ကုမ္ပဏီက ThinkPad Series ကို ဝယ်ယူခဲ့ပေမယ့် အခြေခံဒီဇိုင်းပြောင်းလဲခြင်းမရှိဘဲ၊ ဆက်လက်ထုတ်လာတဲ့အတွက်ကြောင့် Keyboard မှာ TrackPoint အနီရောင်နဲ့ ThinkPad Laptop တွေဟာ စတင်ထုတ်တဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်ထဲက အခုအချိန်အထိ ဒိတ်အောက်သွားခြင်းမရှိပဲ အသုံးပြုနေကြတုန်းပဲဖြစ်ပါတယ်။ 

                ယခုအချိန်မှာတော့ Lenovo ကနေ ThinkPad ၂၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ '25th Special Anniversary Edition'ကို ထုတ်ပြခဲ့ပြီး အဆိုပါ Laptop ဟာ ယခုရောင်းချနေတဲ့ ThinkPad T470 Model ကို အခြေခံထားပေမယ့် ပထမဆုံး ThinkPad ပုံစံမျိုးပြုလုပ်ထားတာပဲဖြစ်ပါတယ်။ 


                ပထမဆုံးသော ThinkPad ကို Richard Sapper က ဂျပန်နိုင်ငံမှာ ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး ဂျပန်ရိုးရာ Bento Box တွေကနေ ဒီဇိုင်းအခြေခံရယူခဲ့တာဖြစ်ပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ Lenovo ThinkPad 25th Anniversary Edition ကလည်း ပထမဆုံး ThinkPad လိုမျိုး Rubberized Coating, ThinkPad တွေရဲ့ Trademark တစ်ခုဖြစ်တဲ့ TrackPoint, Funtions တွေအမြောက်အများပါဝင်တဲ့ ThinkPad Keyboard နဲ့ အရင်ခေတ်တွေတုန်းကလိုပဲ အပြာရောင် Enter ခလုတ်တို့နဲ့ ထွက်ရှိလာတာပါ။ LED တွေလည်း အများအပြားထည့်သွင်းထားပြီး ThinkPad Logo ကလည်း အရောင်စုံဖြစ်နေမှာဖြစ်ပါတယ်။


                အပြင်ပန်းအရသာ ပထမဆုံး ThinkPad Laptop ပုံစံမျိုး ဖြစ်နေပေမယ့် အတွင်းပိုင်း Hardware တွေကတော့ လက်ရှိ စွမ်းဆောင်ရည်အကောင်းဆုံး ဖြစ်နေမှာပါ။ 14” FullHD IPS Display နဲ့ ThinkPad 25 မှာ Intel 7th Generation i7 Processor, 16GB RAM, SSD 512GB နဲ့ Nvidia Geforce 940MX Graphic Card ပါ ပါဝင်မှာ ဖြစ်ပါတယ်။ Connectivity အရလည်း Thunderbolt 3 Support လုပ်တဲ့ USB Type C, ပုံမှန် USB ၃ ခု၊ SD Card Reader, HDMI Port နဲ့ Ethernet Network Port တွေ အစုံအလင်ပါဝင်မှာဖြစ်ပါတယ်။ Windows Hello Support ပြုလုပ်တဲ့ Fingerprint Reader လည်း ပါဝင်ဦးမှာပါ။ 

                Lenovo ThinkPad 25th Anniversary Edition ဟာ ဈေးနှုန်းအရ $1,899 က စတင်ရောင်းချမှာဖြစ်တဲ့အတွက် ဈေးနှုန်းအရတော့ များပြားတယ်လို့ပြောလို့ရပါတယ်။ Lenovo ရဲ့ အဆိုအရတော့ အရေအတွက်အနည်းပဲပဲ ထုတ်သွားမှာဖြစ်တဲ့အတွက် ThinkPad Series ကို ကြိုက်နှစ်သက်ပြီး အသုံးပြုနေတဲ့သူတွေအနေနဲ့ကတော့ စွဲမက်ဖွယ် Limited Edition တစ်ခုဖြစ်မှာပါ။



References
The Verge
About Author
Assinged Tags
Lenovo IBM Laptop ThinkPad Anniversary Edition
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed