IP67 Rating ရှိပြီး QWERTY Physical Keyboard လုံးဝမပါဝင်တဲ့ BlackBerry Motion ကို တရားဝင်မိတ်ဆက်

date_range 09 October 2017

IP67 Rating ရှိပြီး QWERTY Physical Keyboard လုံးဝမပါဝင်တဲ့ BlackBerry Motion ကို တရားဝင်မိတ်ဆက်

visibility 1480 Views

                BlackBerry အမှတ်တံဆိပ်စမတ်ဖုန်းတွေကို ထုတ်လုပ်နေတဲ့ TCL ကုမ္ပဏီဟာ ကောလာဟလတွေထွက်ရှိထားတဲ့ BlackBerry Motion စမတ်ဖုန်းအသစ်ကို ယနေ့ပဲ ဒူဘိုင်းမှာ တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

                အခုအသစ်ထွက်ရှိလာတဲ့ BlackBerry Motion ဟာ ကောလာဟလတွေထွက်ရှိထားတဲ့အတိုင်းပဲ မျက်နှာပြင်အကျယ်အဝန်း ၅.၅ လက်မရှိတဲ့ Full HD Display၊ Snapdragon 625 SoC၊ 4GB RAM၊ Dual SIM Slot နဲ့ 4,000 mAh Battery တို့ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် BlackBerry Motion ဟာ ဖုန်နဲ့ ရေ စိမ့်ဝင်မှုဒဏ်ကိုခံနိုင်တဲ့ IP67 Rating ပါဝင်ပါသေးတယ်။


                လက်ရှိအချိန်မှာတော့ ဒီ BlackBerry Motion စမတ်ဖုန်းအသစ်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိပေးနိုင်မှာမဟုတ်ဘဲ စျေးကွက်အချို့မှာသာ တွေ့မြင်လာရဖို့ရှိပါတယ်။ ဒါပေမယ့်လည်း ယခု ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာတော့ ကမ္ဘာတစ်၀န်းက စမတ်ဖုန်းစျေးကွက်တွေမှာ ဖြန့်ချိပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ BlackBerry Motion ကို UAE မှာ Dh1,699 နဲ့ Saudi Arabia မှာတော့ 1,699 Riyal နဲ့ရောင်းချပေးသွားမှာမို့လို့ USD $450 ခန့် စျေးနှုန်းရှိတယ်လို့ ခန့်မှန်းရပါတယ်။


                BlackBerry Mobile ရဲ့ Global General Manager တစ်ဦးဖြစ်တဲ့ Alain Lejeune ဟာ အခုထွက်ရှိလာတဲ့ BlackBerry Motion စမတ်ဖုန်းသစ်အတွက်

ကျွန်တော်တို့ရဲ့ အခုအသစ်ထွက်ရှိလာမယ့် BlackBerry စမတ်ဖုန်းအသစ်ကို နေရာတိုင်းမှာမတွေ့ရှိနိုင်သေးပေမယ့်လည်း BlackBerry စမတ်ဖုန်းအသစ်တွေ ဆက်လက်ထုတ်လုပ်မှုအတွက် စိတ်လှုပ်ရှားစရာ ခြေလှမ်းအသစ်တစ်ခုပါပဲ။ အခုခြေလှမ်းအသစ်ဟာ နောင်စမတ်ဖုန်းအသစ်တွေ ဆက်လက်ထုတ်လုပ်မှုနဲ့ စျေးကွက်ချဲ့ထွင်မှုအတွက် ခိုင်မာတဲ့အုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။

                လို့ပြောကြားထားပါတယ်။

                Mid-Range စမတ်ဖုန်းတစ်လုံးဖြစ်နေပေမယ့် USD $450 ဆိုတာကြောင့် စျေးနှုန်းအနည်းငယ်မြင့်မားတယ်လို့တော့ သတ်မှတ်လို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် BlackBerry ကနေထုတ်လုပ်ထားတဲ့ ဖုန်းတွေဟာ စျေးနှုန်းအမြဲမြင့်မားနေတတ်တာကိုတော့ စမတ်ဖုန်းခေတ်မတိုင်ခင်ကာလမှာ Mobile Handset ဝယ်ယူဖူးသူတွေ သိရှိထားကြပြီးဖြစ်မှာပါ။ 

                အသေးစိတ် Specification ကိုတော့ မသိရှိရသေးပေမယ့် အမြင်မဆိုးလှတဲ့ BlackBerry Motion ဟာ KeyOne တုန်းကလိုပဲ Mid-Range ထဲမှာ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

References
Android Authority
About Author
Assinged Tags
BlackBerry Android Smartphones IP Rating Water Resistant BlackBerry Motion IP67
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed