Play Store ပေါ်ကို ရောက်ရှိလာတဲ့ Google Assistant

date_range 05 October 2017

Play Store ပေါ်ကို ရောက်ရှိလာတဲ့ Google Assistant

visibility 9180 Views

                Google ရဲ့ ကိုယ်ပိုင် AI Digital Assistant ဖြစ်တဲ့ Google Assistant ဟာ App အနေနဲ့ Google Play Store ပေါ်မှာ စတင်မြင်တွေ့လာရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ Google Assistant App မှာ ဘာ Function မှ မပါ၀င်ဘဲ၊ Assistant ကို ဖွင့်ဖို့အတွက် Shortcut တစ်ခုအနေနဲ့သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။


                Google Assistant App ရဲ့ Description မှာလည်း Assistant ရရှိပြီးသားသူတွေအဖို့ ဒီ App ကိုထပ်ပြီး Download လုပ်စရာမလိုဘူးလို့ သိရှိထားရပါတယ်။ သေချာတာတစ်ခုကတော့ ဒီ App လေးရှိနေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ Google Assistant ကိုရရှိဖို့အတွက် Google App ကို Clear Data လုပ်တဲ့အဆင့်မလိုတော့တာပါပဲ။  ဒါ့အပြင် ဒီ Google Assistant App အနေနဲ့ မိမိ Device မှာ အသုံးပြုလို့ ရ/မရဆိုတာကိုလည်း စစ်ဆေးပေးနိုင်မှာဖြစ်ပါတယ်။


                တကယ်လို့သာ သင့်စမတ်ဖုန်းရဲ့ Android Version ဟာ 6.0 (Marshmallow) နဲ့အထက်ရှိနေပြီး၊ Google  App Version 7.11 နဲ့အထက်ရှိတယ်ဆိုရင် Language Settings မှာ English (United States) ကိုပြောင်းလဲပြီး ဒီ App ကိုဖွင့်လိုက်ရုံပါပဲ။ ဒါဆိုရင် Configuring လို့ပေါ်လာပြီး Google Assistant ကို အလိုအလျောက်ရရှိလာမှာဖြစ်ပါတယ်။

                ဒီ Google Assistant App ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Android စမတ်ဖုန်းတွေအတွက် Google Play Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။

References
Android Police
About Author
Assinged Tags
Google Google Assistant Google App Digital Assistant Android App
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed