ခြင်ပြေးစေမယ့်နည်းပညာပါ၀င်တဲ့ LG K7i စမတ်ဖုန်းအသစ်ကို စတင်မိတ်ဆက်

date_range 28 September 2017

ခြင်ပြေးစေမယ့်နည်းပညာပါ၀င်တဲ့ LG K7i စမတ်ဖုန်းအသစ်ကို စတင်မိတ်ဆက်

visibility 1400 Views

                ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LG ဟာ K-Series Budget စမတ်ဖုန်းအသစ်ဖြစ်တဲ့ LG K7i ကို လွန်ခဲ့တဲ့နေ့က India နိုင်ငံမှာမိတ်ဆက်ခဲ့ပါတယ်။ ဒီစမတ်ဖုန်းဟာ ခြင်များတဲ့နေရာမှာ စမတ်ဖုန်းအသုံးပြုနေရသူတွေအတွက် အတော်လေးကိုသင့်လျော်မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ခြင်ပြေးစေမယ့်နည်းပညာကို LG K7i စမတ်ဖုန်းမှာ ထည့်သွင်းပေးထားလို့ပါ။


                ကျွန်တော်တို့ Specification မပြောခင် ဒီထူးခြားတဲ့ ခြင်ပြေးစေမယ့် “Mosquito Away” နည်းပညာအကြောင်းလေးအရင်ပြောပြပါမယ်။ LG ဟာ ဒီ “Mosquito Away” Feature အတွက် 30KHz Ultrasonic အသံလှိုင်းတွေကို အနောက်ဘက်က Speaker မှာထည့်သွင်းအသုံးပြုပေးထားတယ်လို့ဆိုပါတယ်။ အခြား အန္တရာယ်ဖြစ်စေမယ့် Chemicals တွေလည်း တစ်ခုမှအသုံးမပြုထားသလို၊ Refill လုပ်စရာလည်းတစ်ခုမှမလိုဘဲ Speaker ကနေ ခြင်ပြေးစေမယ့်အသံလှိုင်းတွေထုတ်လွှင့်ပေးမှာလို့ သိရှိရပါတယ်။ 

                ဒါ့အပြင် ဒီခြင်ပြေးစေမယ့် Ultrasonic အသံလှိုင်းတွေဟာ အသုံးပြုသူတွေကိုလည်း ထိခိုက်မှုမဖြစ်စေဘူးလို့လည်း သိရှိရပါတယ်။ ဒီ Feature ကိုအသုံးပြုဖို့အတွက် သာမန် Back Cover အစား၊ Mosquito Away Cover ကိုအသုံးပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခြင်ပြေးစေမယ့်စက်အဖြစ် အသုံးပြုလိုတယ်ဆိုရင်လည်း Mosquito Away Stand ပေါ် တင်ထားလို့ရပါသေးတယ်။ 

                Budget စမတ်ဖုန်းဖြစ်တဲ့အတွက် Specification တွေတော့ မမြင့်မားပါဘူး။ မျက်နှာပြင် ၅ လက်မအကျယ်အ၀န်းရှိတဲ့ On-Cell Display, 1.1 GHz Quad-Core Processor နဲ့ RAM 2GB ပါ၀င်လာမှာဖြစ်တယ်လို့ အကြမ်းဖျင်းအရ သိရှိထားပါတယ်။ Processor အမျိုးအစားကို အတိအကျမသိရှိရပေမယ့် LG K7 မှာအသုံးပြုထားတဲ့အတိုင်း MediaTek MT6580M ဒါမှမဟုတ် Qualcomm Snapdragon 210 ကိုအသုံးပြုထားလောက်တယ်လို့ ယူဆရပါတယ်။ OS အနေနဲ့ Android Version 6.0 (Marshmallow) ကိုအသုံးပြုထားမှာဖြစ်ပါတယ်။

                ဒီ LG K7i စမတ်ဖုန်းကို Indian Rupee 7,990 (USD $120 ခန့်) နဲ့ India နိုင်ငံမှာ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အိမ်မှာ ခြင်တွေများနေပြီး ခြင်ဆေးခွေအသုံးမပြုချင်တဲ့သူတွေနဲ့ စမတ်ဖုန်းတစ်လုံးလည်း Backup အနေနဲ့အသုံးပြုချင်တယ်ဆိုရင်တော့ ဒီစမတ်ဖုန်းလေးဟာ အထူးသင့်လျော်မှာပါ။ 

References
Gadgets 360
About Author
Assinged Tags
Android LG Android Smartphones LG Smartphones LG K7i Mosquito Away
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed