Paul Walker ကို ဂုဏ်ပြုတဲ့အနေနဲ့ Custom-Made Xbox One S ကို ထုတ်လုပ်ပေးခဲ့တဲ့ Microsoft

date_range 28 September 2017

Paul Walker ကို ဂုဏ်ပြုတဲ့အနေနဲ့ Custom-Made Xbox One S ကို ထုတ်လုပ်ပေးခဲ့တဲ့ Microsoft

visibility 400 Views

                Microsoft အနေနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် Paul Walker ကို ဂုဏ်ပြုတဲ့အနေနဲ့ သီးသန့်ထုတ်လုပ်ထားတဲ့ Custom-Made Xbox One S ကို ဒီနေ့ပဲ ပွဲထုတ်ခဲ့ပါတယ်။ အရောင်ကတော့ Fast and Furious ပထမကားထဲမှာ Paul ပထမဆုံးမောင်းခဲ့တဲ့ 1995 Mitsubishi Eclipse ပြိုင်ကားက အရောင်တွေဖြစ်တဲ့ အစိမ်းရောင်နဲ့ အပြာရောင်ကို သုံးထားပါတယ်။



                နောက်ပြီး ဒီ Console ကို Paul ရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ Vin Diesel, Tyrese Gibson ၊ Paul ရဲ့ ညီအရင်း Cody Walker အပြင် အခြားသူတွေရဲ့ လက်မှတ်တွေ ထိုးပေးထားကြပါသေးတယ်။ ဒါပေမယ့် ဒီ Console ကို ရောင်းမှာတော့ မဟုတ်ပါဘူး။

                လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ကျင်းပမယ့် Game4Paul ဆိုတဲ့ ပရဟိတ Gaming Livestream Event မှာ မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Event ကိုတော့ Microsoft နဲ့အတူ Paul ကိုယ်တိုင် ဖွဲ့စည်းထားခဲ့တဲ့ Reach Out World (ROWW) ဆိုတဲ့ ပရဟိတ အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ကျင်းပသွားမှာပါ။ မဲတစ်မဲကို ကန်ဒေါ်လာ ၂၀ ပေးရမယ် ဆိုပေမယ့် မဲတွေရောင်းချလို့ရတဲ့ ငွေအကုန်လုံးကိုလည်း ROWW ကနေပြီး ပရဟိတလုပ်ငန်းတွေမှာ ပြန်လည်အသုံးချသွားမှာပါ။ 

                အခုကိစ္စနဲ့ ပက်သက်ပြီး Paul ရဲ့ညီဖြစ်သူ Cody က Twitter မှာ 

                “Vindiesel, Tyrese နဲ့ ကျနော့်ကို အခုလိုမျိုး ကျနော်အစ်ကိုအတွက် ရည်ညွှန်းထားတဲ့ လက်ဆောင်တစ်ခုကို Suprise လုပ်ပေးခဲ့တဲ့ Xbox ကို ကျေးဇူးပါပဲဗျာ”

လို့ ရေးသားထားပြီး ဗီဒီယိုထဲမှာလည်း Vin Diesel, Tyrese Gibson တို့နဲ့အတူ Game4Paul ပွဲကို လာရောက်ဖို့ ပြောခဲ့ပါတယ်။

                Xbox ရဲ့ Games Marketing General Manager ဖြစ်သူ Aron Greenberg ကလည်းပဲ

                “Xbox Team အနေနဲ့ အခု Custom-Made Xbox One S ရဲ့ ဒီဇိုင်းပိုင်းကို တော်တော်လေး စဉ်းစားပြီး လုပ်ခဲ့ကြတယ်ဗျ။ Fast and Furious ဇာတ်ကားတွေထဲက ဇာတ်ရုပ်တစ်ခုကို ထူးထူးချွန်ချွန် သရုပ်ဆောင်ခဲ့တဲ့ Paul ကိုလည်း ဂုဏ်ပြုနိုင်ဖို့အတွက် ကျနော်တို့အားလုံး စိတ်လှုပ်ရှားနေကြပါတယ်”

လို့ ပြောကြားခဲ့ပါတယ်။

Rest In Peace ပါ Paul
References
The Verge
About Author
Assinged Tags
Microsoft Consoles Xbox Xbox One S Custom Made
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed