၁၉ နှစ်ပြည့် မွေးနေ့ပွဲကို အမှတ်ရစရာ Doodle Game လေးတွေ ၁၉ ခုနဲ့ ဆင်နွှဲလိုက်တဲ့ Google

date_range 28 September 2017

၁၉ နှစ်ပြည့် မွေးနေ့ပွဲကို အမှတ်ရစရာ Doodle Game လေးတွေ ၁၉ ခုနဲ့ ဆင်နွှဲလိုက်တဲ့ Google

visibility 180 Views

                ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ထဲက နည်းပညာလောကထဲကို ဝင်လာခဲ့တဲ့ Google ကြီးလည်း အခုဆိုရင် အသက် ၁၉ နှစ် ပြည့်သွားပါပြီ။ Google ထုံးစံအတိုင်း ၁၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေးဆွဲထားတဲ့ Doodle လေးကို https://www.google.com.mm/ ကို ဝင်လိုက်မယ်ဆိုရင် Search Box ရဲ့ အပေါ်မှာ မြင်တွေ့ရမှာပါ။

via GIPHY

                အဲ့ပုံလေးကို နှိပ်လိုက်မယ်ဆိုရင်တော့ Google ရဲ့ Birthday Supise Spinner လေးကို အရင်ဆုံး မြင်တွေ့ရမှာဖြစ်ပြီး Spinner လေးကို အလိုအလျောက် လှည့်ပေးသွားမှာပါ။ Spinner ထဲမှာတော့ Doodle Game လေးတွေ ၁၉ မျိုးရှိမှာဖြစ်ပြီး Spinner လည်ပြီးသွားတာနဲ့ Ramdom ချပေးသွားမှာပါ။ မကြိုက်ဘူးဆိုရင်လည်း “Spin Again” ကို နှိပ်ပြီး Spinner ကို ပြန်လှည့်နိုင်ပါတယ်။

via GIPHY

                ကြိုက်တယ်၊ ဆော့ချင်တယ်ဆိုရင်တော့ “Tap to open” ကို နှိပ်ပြီး ဆော့နိုင်ပါပြီ။ ပါဝင်တဲ့ Doodle Game လေးတွေကတော့ Beethoven (ဒီသတင်းကို ရေးနေတုန်းပဲ Beethoven ရဲ့ Symphony No. 9 ကို နားထောင်နေမိ) ရဲ့ ၂၄၅ နှစ်ပြည့် မွေးနေ့အတွက် အမှတ်တရ လုပ်ပေးထားတဲ့ Musical Puzzle Game ၊ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Magic Cat Academy ဆိုတဲ့ Halloween Game ၊ Snake Game အသစ် ၊ tic-tac-toe ၊ စတာတွေပဲ ဖြစ်ပါတယ်။

"Happy Birthday ပါ Google ရေ။"
References
The Verge
About Author
Assinged Tags
Google Google Doodles Google Search
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed