Windows 10 Mobile ကို Dock ကနေတစ်ဆင့် ကွန်ပျူတာတစ်လုံးလို အသုံးပြုလို့ရတဲ့ HP Elite X3 ဖုန်းကို ရပ်ဆိုင်းတော့မည်

date_range 27 September 2017

Windows 10 Mobile ကို Dock ကနေတစ်ဆင့် ကွန်ပျူတာတစ်လုံးလို အသုံးပြုလို့ရတဲ့ HP Elite X3 ဖုန်းကို ရပ်ဆိုင်းတော့မည်

visibility 840 Views

                HP ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက Microsoft Windows 10 Mobile ကို အသုံးပြုခဲ့တဲ့ ကုမ္ပဏီအနည်းငယ်ထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ထုတ်ခဲ့တဲ့ HP Elite X3 Smartphone ဟာဆိုရင် နောက်ဆုံးအနေနဲ့ ထုတ်လုပ်ခဲ့တဲ့ Windows ဖုန်းတစ်ခုလို့တောင် ပြောလို့ရမှာ ဖြစ်ပါတယ်။


                အခုအချိန်မှာတော့ HP ကုမ္ပဏီဟာ Elite X3 ဖုန်းကို လာမယ့်နိုဝင်ဘာလ ၁ ရက်နေ့မှာ ရောင်းချမှုကို ရပ်ဆိုင်းတော့မှာဖြစ်ပြီး နောက်ထပ် ၁ နှစ်ပဲ Software Support ပေးတော့မယ်လို့ သိရပါတယ်။ 

အခုလိုသတင်းဟာ ဖုန်းမော်ဒယ်တစ်ခု ရပ်ဆိုင်းသွားတယ် ဆိုတာထက် Microsoft ကနေ Windows 10 Mobile အပေါ်ကို လုံးဝပစ်ပယ်ထားလိုက်ပြီလို့တောင် ယူဆလို့ရမှာ ဖြစ်ပါတယ်။





                HP Elite X3 ဟာ ထွက်ရှိခါစတုန်းက အထင်ကြီးစရာ Product တစ်ခုဖြစ်ခဲ့ပြီး x86 Software တွေကို Laptop ဒါမှမဟုတ် Desktop မှာ အသုံးပြုသလိုမျိုးပဲ Microsoft Continuum နဲ့ ဆောင်ရွက်နိုင်တဲ့ Device တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာ Discount တွေချပြီး ရောင်းချခဲ့ပေမယ့်လည်း ဈေးနှုန်းပိုင်းအရ ကြီးမြင့်နေခဲ့တဲ့အတွက် အောက်မြင်မှု မရရှိခဲ့တာပဲ ဖြစ်ပါတယ်။

                

Microsoft ကိုယ်တိုင်ကလည်း အဲ့ဒီအချိန်တုန်းက HP Elite X3 လိုမျိုး Microsoft Continuum ကို အသုံးပြုလာမယ့် Surface Phone ကို ထုတ်လုပ်မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် တကယ်ကြတော့ မထုတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

အဲ့ဒီအတွက်တော့ Microsoft ရဲ့ Windows 10 Mobile ကို အသုံးပြုထားတဲ့ Smartphone တွေဟာ လာမယ့်နိုဝင်ဘာလမှာ HP Elite X3 ကို ရပ်ဆိုင်းတာနဲ့အတူ ဈေးကွက်ထဲကနေ ပျောက်ကွယ်သွားတော့မှာပါ။

References
GSM Arena
About Author
Assinged Tags
HP Microsoft Smartphones Windows Microsoft Continuum Windows Mobile Windows Phone HP Elite x3
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed