FullVision Display နဲ့ Gionee M7 Smartphone ကို တရားဝင်ကြေငြာ

date_range 27 September 2017

FullVision Display နဲ့ Gionee M7 Smartphone ကို တရားဝင်ကြေငြာ

visibility 1160 Views

                Gionee ကုမ္ပဏီကနေ သူတို့ ကြိုတင်ပြောကြားထားတဲ့အတိုင်း 18:9 Ratio FullVision Display ပါဝင်တဲ့ Gionee M7 Smartphone အသစ်ကို ထုတ်ပြန်ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။




                အဆိုပါ Gionee M7 ဖုန်းမှာဆိုရင် Mediatek Helio P30 Octa-Core 2.3Ghz ပါဝင်ပြီး RAM 6GB နဲ့ 64GB Internal Storage ပါဝင်တဲ့အတွက် အမြင့်ပိုင်းဖုန်းလို့တောင် သတ်မှတ်လို့ရမှာပါ ။ နောက်ပြီး MicroSD Card ထပ်စိုက်ချင်တယ်ဆိုရင်လည်း 256GB အထိ ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။





                Gionee M7 ရဲ့ ထူးခြားတဲ့အချက်ကတော့ လက်ရှိ Flagship ဖုန်းတွေမှာလိုပဲ 6.01" 18:9 Ratio FullVision Display ပါဝင်တာပဲ ဖြစ်ပါတယ်။ Resolution အနေနဲ့လည်း 2160 × 1080 Pixels ရှိတဲ့အတွက် မဆိုးဘူးလို့ ပြောနိုင်မှာပါ။ 

ဖုန်းရဲ့နောက်ကျောဘက်မှာတော့ Fingerprint Sensor ရှိနေမှာဖြစ်ပြီး Dual Camera လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

                အနောက်မှာ ပါဝင်တဲ့ Dual Camera ဟာဆိုရင် 16 MP Primary Lens နဲ့ 8 MP Secondary Lens တပ်ဆင်ထားတာဖြစ်ပြီး အရှေ့ဘက် Selfie Camera ကလည်း 8 MP ပါဝင်ဦးမှာ ဖြစ်ပါတယ်။ 

နောက်ထပ် Battery ကလည်း 4000mAh ပါဝင်တဲ့အတွက် အဆင်ပြေတယ်လို့ သတ်မှတ်နိုင်မှာပါ။ 


                Gionee M7 Smartphone ကို Sapphire Blue, Star Blue, Maple Red, Champagne Gold နဲ့ Black ဆိုပြီး အရောင် ၅ ရောင်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့တော့ 2,799 Yuan ( မြန်မာငွေကျပ် ၅ သိန်းခွဲဝန်းကျင်) နဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစတင်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

References
GSM Arena
About Author
Assinged Tags
Gionee Smartphones Dual Camera Fullvision Gionee M7
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed