Office 2019 ကို ၂၀၁၈ နှစ်ဝက်လောက်မှာ Release လုပ်ပေးသွားမယ့် Microsoft

date_range 27 September 2017

Office 2019 ကို ၂၀၁၈ နှစ်ဝက်လောက်မှာ Release လုပ်ပေးသွားမယ့် Microsoft

visibility 240 Views

                Microsoft အနေနဲ့ ဒီနေ့မှာပဲ Office 2019 ကို ၂၀၁၈ နှစ်ဝက်လောက်မှာ Release လုပ်ပေးသွားမှာဖြစ်ကြောင်းကို အစီအစဉ်တွေနဲ့တကွ တရားဝင်ကြေငြာလိုက်ပါတယ်။ ထွက်ရှိလာမယ့် Office 2019 မှာတော့ ထုံးစံအတိုင်း Word, Excel, PowerPoint, OutLook စတဲ့ Client Apps တွေအပြင်၊ Exchange, SharePoint, Skype for Business စတာတွေလည်း ပါဝင်မှာပါ။

                Microsoft အနေနဲ့ Office 2019 Preview Copies တွေကို ၂၀၁၈ နှစ်ဝက်လောက်မှာ Release လုပ်ပေးသွားမှာ ဖြစ်ပြီး Apps တွေအားလုံးဟာ Cloud Office 365 ကို အသုံးမပြုတဲ့ Organizations တွေအတွက် ပြုလုပ်ပေးထားမှာဖြစ်သလို Pressure Sensitivity, Tilt Effects, Ink Replay စတဲ့ Ink Features သစ်တွေလည်း ပါဝင်လာမှာပါ။

                နောက်ပြီး Excel မှာဆိုရင် Data Analysis အတွက် Formula အသစ်တွေ၊ Chart အသစ်တွေ ပါဝင်လာမှာဖြစ်ပြီး PowerPoint မှာဆိုရင်လည်း Morph, Zoom စတဲ့ Animation Features တွေလည်း ပါဝင်လာမှာပါ။ လက်ရှိအချိန်မှာတော့ Microsoft အနေနဲ့ Release လုပ်မယ့်အချိန်၊ အစီအစဉ်၊ အသစ်ပါဝင်လာမယ့် Features အနည်းငယ်ကိုသာ ကြေငြာထားပြီး လာမယ့်လများမှာတော့ Office 2019 နဲ့ ပက်သက်ပြီး တိတိကျကျ ပြောသွားဖို့ရှိတယ်လို့ သိရပါတယ်။

References
The Verge
About Author
Assinged Tags
Microsoft Microsoft Office Microsoft Word Microsoft Excel Microsoft Power Point
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed