တရုတ်နိုင်ငံမှာ WhatsApp အသုံးပြုခွင့်ပိတ်ပင်

date_range 26 September 2017

တရုတ်နိုင်ငံမှာ WhatsApp အသုံးပြုခွင့်ပိတ်ပင်

visibility 600 Views

                တရုတ်နိုင်ငံဟာ အမြဲလိုလို Western ဘက်ကလာတဲ့ Websites တွေ၊ Social Media တွေနဲ့အတူ အခြား Websites တွေကိုလည်း Limit တွေသတ်မှတ်ပြီး ပိတ်ပင်လေ့ရှိပါတယ်။ အခုအခါမှာတော့ Facebook လက်အောက်ခံ App တစ်ခုဖြစ်တဲ့ WhatsApp ဟာလည်း တရုတ်နိုင်ငံရဲ့ပိတ်ပင်ခြင်းကို ခံခဲ့ရပြီဖြစ်ပါတယ်။

                လက်ရှိမှာ Facebook ကိုလည်း တရုတ်နိုင်ငံမှာ အသုံးပြုခွင့်ပိတ်ပင်ထားပြီး၊ Mark Zuckerberg ဟာ တရုတ်နိုင်ငံမှာ Social Media Platform တစ်ခုရရှိဖို့အတွက် အပြင်းအထန်ကြိုးစားနေပါတယ်။ ဒီလိုမျိုးကြိုးစားမှုတွေထဲမှာ Colorful Balloons လို့ခေါ်တဲ့ App တစ်ခုလည်းအပါအ၀င်ပါပဲ။ 

                အရင်ကလည်း WhatsApp ကိုတရုတ်နိုင်ငံမှာ Video Call နဲ့အခြား Function တွေအသုံးပြုမရအောင် တစ်ပိုင်းတစ်စပိတ်ပင်ခဲ့ပေမယ့် အခုမှ WhatsApp ကိုလုံး၀ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ 

                ဒီလိုမျိုးပိတ်ပင်လိုက်တာဟာ တရုတ်နိုင်ငံအနေနဲ့ WhatsApp မှာအသုံးပြုထားတဲ့ Encrypted Messaging ဟာ အစိုးရပိုင်းဆိုင်ရာထောက်လှမ်းမှုတွေမလွယ်ကူတာကြောင့် ဖြစ်ဖို့များပါတယ်။ ဆက်လက်ပြီးတော့လည်း တရုတ်နိုင်ငံမှာရှိတဲ့ WhatsApp အသုံးပြုသူတွေဟာ တရုတ်အခြေစိုက် Tencent ကုမ္ပဏီရဲ့ WeChat ကိုပဲ ပြောင်းလဲအသုံးပြုနေရတယ်လို့ သိရှိခဲ့ရပါတယ်။

                Facebook အနေနဲ့တော့ ဒီလိုမျိုးပိတ်ပင်လိုက်တဲ့ကိစ္စကို ဘာမှပြန်လည်ပြောကြားထားခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း Mark အနေနဲ့ကတော့ Social Media Platform တစ်ခုကို တရုတ်နိုင်ငံမှာလုပ်ပေးနိုင်ဖို့ကြိုးစားနေတာတွေဟာ အခုလိုအပြုအမူတွေကြောင့် သဲထဲရေသွန်ဖြစ်သွားသလို ခံစားရမှာတော့အမှန်ပါပဲ။ 

References
Android Police
About Author
Assinged Tags
Facebook Messenger Social Media WhatsApp Instant Messaging
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed