Colorful Balloons ဆိုတဲ့ App တစ်ခုကို တရုတ်ပြည်နယ်မှာ တိတ်တဆိတ် စမ်းသပ်နေတဲ့ Facebook

date_range 14 August 2017

Colorful Balloons ဆိုတဲ့ App တစ်ခုကို တရုတ်ပြည်နယ်မှာ တိတ်တဆိတ် စမ်းသပ်နေတဲ့ Facebook

visibility 500 Views

                မေလလောက်တုန်းက Facebook ဟာ Colorful Balloons လို့ခေါ်တဲ့ Photo-Sharing App ကို တရုတ်နိုင်ငံမှာ တိတ်တဆိတ် စမ်းသပ်ထုတ်လုပ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

                Colorful Balloons ဟာ Facebook ရဲ့ Moments App လိုမျိုး Design နဲ့ ထွက်ရှိထားတာဖြစ်ပြီး၊ ဓာတ်ပုံတွေကို သူငယ်ချင်းတွေနဲ့ မိသားစုတွေ အတူတကွ Sharing ပြုလုပ်လို့ရအောင် ဖန်တီးပေးထားတာဖြစ်ပါတယ်။ Facebook ကနေ တိုက်ရိုက်အသုံးပြုရတာမဟုတ်ပဲ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး Social Network ဖြစ်တဲ့ WeChat ကနေ App ကိုအသုံးပြုပြီး Photo Sharing ပြုလုပ်လို့ရမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

                Facebook ဟာ Colorful Balloons App ကို တရုတ်ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Youge Internet Techology ကတစ်ဆင့် ဖြန့်ချိပေးခဲ့တာဖြစ်ပါတယ်။ ဒီ App ကိုလည်း တရုတ်နိုင်ငံမှလွဲပြီး ကမ္ဘာတစ်၀န်းမှာ ပျံ့နှံ့မသွားအောင်လည်း အထူးအားစိုက်ထားတဲ့ပုံပါပဲ။

                တရုတ်နိုင်ငံဟာ Facebook အသုံးပြုမှုကို ဇူလိုင်၊ ၂၀၀၉ ခုနှစ်မှာပိတ်ပင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှ စတင်ပြီး Facebook CEO ဖြစ်တဲ့ Mark Zuckerberg အနေနဲ့ တရုတ်နိုင်ငံမှာ Social Media Network ကိုမိတ်ဆက်ပေးလို့ရအောင် နည်းမျိုးစုံနဲ့ကြိုးစားခဲ့ပါတယ်။ 

                Zuckerberg အနေနဲ့လည်း တရုတ်နိုင်ငံမှ အစိုးရအာဏာပိုင်တွေနဲ့လည်း တွေ့ဆုံခဲ့သလို၊ သက်ဆိုင်တဲ့နေရာကနေ အပြင်ကိုပေါက်ကြားမသွားစေနိုင်တဲ့ Social Media App တစ်ခု သက်သက်ပြုလုပ်ဖို့လည်း နည်းမျိုးစုံကြိုးစားခဲ့ဖူးပါတယ်။ 

                ဒီလိုကြိုးစားနေမှုကိုလည်း Facebook ကနေ The Verge ကို

ကျွန်တော်တို့အနေနဲ့ အချိန်ကုန်ခံပြီးတော့ တရုတ်နိုင်ငံအပေါ် မတူညီတဲ့ပုံစံနဲ့ နားလည်မှုရယူဖို့ ကြိုးစားနေသလို သေချာလည်းလေ့လာနေပါတယ်။ ဒီလိုအချိန်ကုန်ခံနေရတဲ့ အဓိကရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံမှာရှိတဲ့ စီးပွားရေးတွေကို အဓိကထားကူညီချင်လို့ရယ်၊ Developers တွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့ Ad-Platform ကိုအသုံးပြုပြီး စီးပွားရေးပိုမိုချဲ့ထွင်နိုင်ဖို့အတွက် ကြိုးစားနေတာလည်းဖြစ်ပါတယ်။ 

                လို့ ပြောကြားထားခဲ့ပါတယ်။

References
The Verge
About Author
Assinged Tags
Facebook China Social Media Photo Sharing Social Media App Colorful Balloons
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed