Location ပြပေးတာ ပိုမိုတိကျပြီး Battery အစားသက်သာတဲ့ GPS Chip အသစ်တစ်မျိုးထွက်ရှိလာမည်

date_range 26 September 2017

Location ပြပေးတာ ပိုမိုတိကျပြီး Battery အစားသက်သာတဲ့ GPS Chip အသစ်တစ်မျိုးထွက်ရှိလာမည်

visibility 380 Views

                Semiconductor ကုမ္ပဏီတစ်ခုဖြစ်တဲ့ Broadcom ဟာ မိမိရောက်ရှိနေတဲ့နေရာကို ပိုမိုတိတိကျကျပြသပေးနိုင်ပြီး၊ ဘက်ထရီစား သက်သာစေမယ့် BCM47755 လို့ခေါ်တဲ့ GPS Chipset တစ်မျိုးကိုထုတ်လုပ်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့သိရှိရပါတယ်။ 

                လက်ရှိ စမတ်ဖုန်းတွေမှာအသုံးပြုနေတဲ့ GPS Chipset တွေဟာ မိမိရောက်ရှိနေတဲ့တည်နေရာရဲ့ ၅ မီတာ (၅၀၀ စင်တီမီတာ) အနီးတဝိုက်ကိုပဲ ပြသပေးနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Navigation အတွက်အသုံးပြုတဲ့အခါမှာတော့ အရမ်းကြီးအဆင်ပြေတဲ့အထဲမှာ မပါသေးပါဘူး။ Broadcom ကနေ အသစ်မိတ်ဆက်ပေးလာမယ့် BCM47755 GPS Chipset ဟာ မိမိတည်နေရာရဲ့ ၃၀ စင်တီမီတာအထိ တိတိကျကျပြသပေးနိုင်မှာဖြစ်ပါတယ်။ 

                ဒီလိုမျိုး နေရာတွေကို ပိုပြီးတိတိကျကျပြသပေးနိုင်မယ့်အပြင်၊ Power အသုံးပြုမှုဟာလည်း ယခုလက်ရှိအသုံးပြုနေကျတဲ့ GPS Chip တွေထက် ၅၀% ပိုမိုသက်သာစေမှာဖြစ်ပါတယ်။ BCM47755 ဟာ 28-Nanometer Design, Radio Architecture အသစ် နဲ့ Dual-Core Sensor Hub တို့ကိုထည့်သွင်းအသုံးပြုထားတာကြောင့်လည်း Power အသုံးပြုမှု ပိုမိုသက်သာစေတာဖြစ်တယ်လို့ သိရှိရပါတယ်။

                BCM47755 ဟာ ယခင်အသုံးပြုနေကျဖြစ်တဲ့ L1 Satellite အပြင်၊ L5 Satellite ကိုပါချိတ်ဆက်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် L1 နဲ့ L5 Satellites နှစ်မျိုးစလုံးကို တစ်ချိန်တည်းမှာချိတ်ဆက်ပေးနိုင်ပြီး ယခင်ကထက် ပိုပြီးတိကျတဲ့ Navigation Experience ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

                Broadcom ရဲ့ BCM47755 ကို ၂၀၁၈ စမတ်ဖုန်းတွေမှာ စတင်မြင်တွေ့လာရဖို့ရှိပြီး၊ ဘယ်စမတ်ဖုန်းမှာ စတင်ထည့်သွင်းလာမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ GPS Chipset အသစ်ဆိုတာ စမတ်ဖုန်း Display နဲ့ အခြားနည်းပညာတွေလောက်တော့ လူစိတ်၀င်စားမှုမရှိကြပေမယ့်လည်း၊ Broadcom ရဲ့ Chipset အသစ်ဟာ စမတ်ဖုန်းတွေရဲ့ Power-Saving ပိုင်းမှာ အများကြီးအထောက်အကူပြုသွားမှာဖြစ်တယ်လို့ ထင်မြင်မိပါတယ်။

References
Android Central
About Author
Assinged Tags
GPS Broadcom GPS Chip
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed