ဒီနေ့ဟာ iPhone 3G ကိုစတင်ရောင်းချခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 12 July 2017

ဒီနေ့ဟာ iPhone 3G ကိုစတင်ရောင်းချခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 600 Views

                ဇူလိုင် ၁၁၊ ၂၀၀၈ ခုနှစ်မှာ iPhone 3G ကို Apple မှ စတင်ရောင်းချခဲ့ပါတယ်။ iPhone 3G ဟာ နာမည်မှာပါတဲ့အတိုင်းပဲ 3G Cellular Network ကို iPhone သမိုင်းကြောင်းမှာ ပထမဦးဆုံး စတင်အသုံးပြုလို့ရတဲ့ဖုန်းတစ်လုံးပါပဲ။

                iPhone 3G မတိုင်ခင် iPhone 1st Gen မှာတုန်းက EDGE (2G) Network ကိုပဲအသုံးပြုလို့ရခဲ့ပြီး အခု iPhone မှာတော့ 2G ထက် နှစ်ဆကျော်ပိုမြန်တဲ့ 3G Network ကိုအသုံးပြုလို့ရတာမို့ စတင်ရောင်းချခဲ့တဲ့အခါ Stock မလုံလောက်တဲ့ပြဿနာတွေပါ တွေ့ကြုံခဲ့ရသေးတယ်လို့ဆိုပါတယ်။

                ဒါ့အပြင် App Store မှာလည်း Third-Party App တွေကို Developers တွေကိုယ်တိုင်ပြုလုပ်ပြီး တင်ထားနိုင်သလို App ပေါင်း ၅၀၀ ကျော်ကလည်း အဆင်သင့် iPhone 3G အသုံးပြုမယ့်သူတွေကို စောင့်ကြိုလျက်ရှိပါတယ်။

                iPhone 3G မှာ GPS Support လည်းစတင်ပါ၀င်လာခဲ့ပြီး Maps နဲ့အခြားသော Location အသုံးပြုရတဲ့ App တွေအတွက် အဆင်ပြေလွယ်ကူစေခဲ့ပါတယ်။

References
The Guardian Day In Tech History
About Author
Assinged Tags
iPhone App Store Apple's iPhone iPhone 3G GPS
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed