လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းနိုင်မယ့် Wireless Charging Pad တွေကို ထုတ်လုပ်သွားမယ့် BMW

date_range 26 September 2017

လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းနိုင်မယ့် Wireless Charging Pad တွေကို ထုတ်လုပ်သွားမယ့် BMW

visibility 220 Views

                ဇိမ်ခံကားတွေထုတ်လုပ်တဲ့ နာမည်ကြီးကားကုမ္ပဏီ BMW အနေနဲ့ ပြိုင်ဘက်ကားကုမ္ပဏီတွေထက် ခြေတစ်လှမ်းသာသွားမယ့် နည်းပညာတစ်ခုကို ကြိုးစားတီထွင်နေပြီး တော်တော်ကြီးလည်း ခရီးရောက်နေပြီ ဖြစ်ပါတယ်။ BMW အနေနဲ့ လာမယ့်အနာဂါတ်မှာ BMW က ထုတ်လုပ်တဲ့ လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းနိုင်မယ့် Wireless Charging Pad တစ်ခုကို စတင်တီထွင်စမ်းသပ်နေပါပြီ။

                Charging Pad ကတော့ ကား Battery အတွက်ဖြစ်တာကြောင့် တော်တော်လေးကြီးမှာဖြစ်ပြီး 200 Volt Outlet နဲ့ ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။ Charging Pad ကိုတော့ ကားဂိုထောင်ရဲ့ အလယ်နားလောက်မှာ ထားပေးရမှာပါ။ အားသွင်းနိုင်ဖို့အတွက် ကားမှာရှိတဲ့ Charging Coil နဲ့ ဂိုထောင်ထဲမှာရှိတဲ့ Charging Pad နဲ့ နေရာတကျတော့ ရှိရမှာပါ။


                နေရာတကျရှိဖို့အတွက် Parking ထိုးတဲ့အခါမှာ Charging Pad ဘယ်နားမှာရှိလဲဆိုတာကို အပြာရောင်မျဉ်းတွေနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ ပြထားတဲ့ အပြာရောင်မျဉ်းနှစ်ကြောင်းထဲမှာတော့ Charging Pad ရှိနေရမှာပါ။ ကားမှာရှိတဲ့ Charging Coil နဲ့ ဂိုထောင်ထဲမှာရှိတဲ့ Charging Pad နဲ့ နေရာတကျ ဖြစ်သွားပြီဆိုရင် အစိမ်းရောင် အဝိုင်းလေး ပေါ်လာမှာ ဖြစ်ပါတယ်။

                ဒါပေမယ့် ချက်ချင်းတော့ အားသွင်းမှာ မဟုတ်ပါဘူး။ ကားကို စက်သပ်လိုက်ပြီးတာနဲ့ ချက်ချင်းအားသွင်းပေးမှာ ဖြစ်ပါတယ်။ အားသွင်းချိန်ကတော့ ၃ နာရီခွဲလောက် ကြာမြင့်မှာဖြစ်တာကြောင့် သာမန်ကြိုးနဲ့အားသွင်းတာလောက်ပဲ ကြာမှာဖြစ်ပါတယ်။

                အခုလောလောဆယ်မှာတော့ ဒီ Wireless Charging System ကို BMW 530e iPerformance Hybrid Sedan မှာပဲ စမ်းသပ်အသုံးပြုရပါသေးတယ်။ BMW အနေနဲ့ ဒီနည်းပညာကို နောက်နှစ်အစပိုင်းလောက်မှာ BMW 530e iPerformance Hybrid Sedan တွေအတွက် ထုတ်လုပ်ပေးသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ အခြား Model တွေအတွက်ကတော့ အနည်းငယ် စောင့်ဆိုင်းရဦးမှာပါ။

                အခုလောလောဆယ်မှာတော့ Wireless Charging Pad အတွက် ဈေးနှုန်းအတိအကျ မသိရသေးဘူး ဆိုပေမယ့် BMW ကတော့ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းနိုင်မယ့် နည်းပညာကို စတင်တီထွင်ခဲ့တဲ့ ကားကုမ္ပဏီတစ်ခုအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ အံ့အားသင့်စရာတစ်ခုကတော့ လျှပ်စစ်ကားတွေကိုပဲ ထုတ်လုပ်နေတဲ့ Tesla က ဒီနည်းပညာကို အရင်မတီထွင်နိုင်ခဲ့ပဲ BMW က ဦးသွားတာပါပဲ။ 

                ဒါပေမယ့်လည်း နည်းပညာလောကမှာတော့ ဘယ်သူကအရင်လုပ်တာ၊ ဘယ်သူက စတီထွင်တာတွေက အရေးမကြီးပါဘူး။ အသုံးပြုသူတွေ အဆင်ပြေလာရင်၊ နေ့စဉ်အလုပ်တွေကို အချိန်မကုန်၊ လူမပန်းပဲ ပြုလုပ်နိုင်ရင် ဘယ်နည်းပညာပဲမဆို ကြိုဆိုရမှာပဲ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Wireless Charging Tesla Electromagnetic Fields Related Electric Car BMW
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed