Apple ကို လိမ်ဖို့ကြိုးစားခဲ့ပေမယ့် အလိမ်မိသွားခဲ့တဲ့ Uber

date_range 24 April 2017

Apple ကို လိမ်ဖို့ကြိုးစားခဲ့ပေမယ့် အလိမ်မိသွားခဲ့တဲ့ Uber

visibility 10560 Views

                Uber ဆိုတာ အမေရိကန်နိုင်ငံအခြေစိုက် သယ်ယူပို့ဆောင်ရေးကွန်ယက် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Uber က ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံက Oway Ride လို ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒါက Uber နဲ့ မရင်းနှီးသေးတဲ့သူတွေအတွက် Uber ကို မိတ်ဆက်ပေးလိုက်တာပါ။

                ၂၀၁၅ ခုနှစ်တုန်းက Apple ရဲ့ CEO Tim Cook က Uber ရဲ့ iPhone App ကို App Store ကနေဖယ်ရှားပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဘူးတယ်လို့ ဒီနေ့ကျမှ The New York Times ရဲ့ သတင်းအရသိရှိခဲ့ရပါတယ်။ ခြိမ်းခြောက်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ Uber အနေနဲ့ Uber iPhone App မှတစ်ဆင့် iPhone အသုံးပြုသူတွေရဲ့ Privacy ကို ချိုးဖောက်ဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်ပါတယ်။

                အခုမှပေါ်ပေါက်လာခဲ့တဲ့ ဒီသတင်းထူးဟာ Uber CEO Travis Kalanick ကို နာမည်ဆိုးနဲ့ ကျော်ကြားသူတစ်ယောက် ဖြစ်စေခဲ့ပြီး Media တွေအကုန်လုံးကလည်း Travis ကို လိုချင်တာရဖို့အတွက် စည်းကမ်းတွေကိုလည်း ချိုးဖောက်ချင်ချိုးဖောက်မယ့်သူဆိုပြီး သရော်ထားကြပါတယ်။ Uber အနေနဲ့ ဒီသတင်းကြောင့်ပဲ တရုတ်နိုင်ငံမှာ Uber ရဲ့ လုပ်ငန်းကိုချဲ့ထွင်သွားဖို့အတွက် နှောင့်နှေးသွားစေခဲ့တဲ့အပြင် တခြားပြဿနာတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ 

                Uber အနေနဲ့ iPhone အသုံးပြုသူရဲ့ Privacy ကို ချိုးဖောက်တာဟာ Uber iPhone App ကို iPhone ထဲမှာ Install လုပ်ထားတဲ့အချိန်အတွင်းတောင်မကပဲ၊ Uber iPhone App ကို ဖုန်းထဲက Uninstall လုပ်ပြီး အချိန်ထိအောင်တောင် Privacy ကို ချိုးဖောက်ခဲ့ပါတယ်။ ဒါတင်မကပါဘူး iPhone ကို Reset လုပ်ပြီးတယ်ဆိုရင်တောင် မလုံခြုံတော့ပါဘူးလို့ သိရှိရပါတယ်။

                ဒီလိုချိုးဖောက်မှုကို Fingerprinting လို့ခေါ်ပြီး၊ Apple က တင်းတင်းကျပ်ကျပ် တားမြစ်ထားသလို၊ တင်းတင်းကျပ်ကျပ်လည်း ကာကွယ်ထားပါတယ်။ ဒီလိုမျိုးကာကွယ်ထားတဲ့ ကြားထဲကမှ Uber အနေနဲ့ Apple က Developer တွေမသိအောင် Programming Code တွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။

                ဒီလိုမျိုးကြိုးစားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ Apple က Developer တွေက ဒီချိုးဖောက်မှုကို တွေ့ရှိခဲ့ပြီး Tim Cook အနေနဲ့ Travis နဲ့ Meeting ထိုင်ခဲ့ရပါတယ်။ Meeting မှာတော့ Tim Cook က Travis ကို ဒီချိုးဖောက်မှုကို Uber ဘက်ကမရပ်ဆိုင်းပါက Uber iPhone App ကို App Store မှ ဖယ်ရှားလိုက်မယ်ဆိုပြီး ချိန်းခြောက်ခဲ့ပါတယ်။

                Uber အနေနဲ့ Apple ကို ကလန်ကဆန်လုပ်ခဲ့ပါက ကုမ္ပဏီစီးပွားရေးကို အကြီးအကျယ်ထိခိုက်မှာ ဖြစ်တာကြောင့် ချိုးဖောက်မှုကို ရပ်တန့်ခဲ့ရပါတယ်။ 

                အခုလပိုင်းအတွင်းမှာလည်း Uber အနေနဲ့ အစိုးရစည်းကမ်းတွေကို ချိုးဖောက်ခြင်းတွေ၊ ပြိုင်ဖက်ကုမ္ပဏီတွေရဲ့ သတင်းအချက်အလက်တွေကို ခွင့်ပြုချက်မရပဲ ခိုးယူခြင်း စတာတွေနဲ့ပက်သက်ပြီး တရားရင်ဆိုင်နေရပါတယ်။

                Uber အနေနဲ့ အခုလိုပေါ်ပေါက်လာတဲ့ သတင်းနဲ့ပက်သက်ပြီး iPhone မှာ Uber iPhone App ကို Uninstall လုပ်လိုက်တာတောင်မှ အသုံးပြုသူကို ထောက်လှမ်းရေးလုပ်နေတယ်ဆိုတာ မဟုတ်ပါဘူးလို့ ငြင်းခဲ့ပြီး The New York Times က ဒီကိစ္စကို ပုံကြီးချဲ့ပြီးရေးထားတာပါလို့လည်း ထောက်ပြသွားပါတယ်။

References
The Verge
About Author
Assinged Tags
Applications iPhone App Store User Privacy Uber
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed