အသုံးပြုသူတွေရဲ့ Personal Data တွေကို ရယူနေတယ်လို့ ယူဆရတဲ့ GO Keyboard

date_range 25 September 2017

အသုံးပြုသူတွေရဲ့ Personal Data တွေကို ရယူနေတယ်လို့ ယူဆရတဲ့ GO Keyboard

visibility 4120 Views

               လုံခြုံရေးသုံးသပ်သူတွေက တရုတ်အခြေစိုက် GOMO Dev Team ကနေ ပြုလုပ်ထားတဲ့ GO Android Keyboard Applications ၂ ခုဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူပြီး Remote Server တွေကို ပြန်ပို့နေတယ်လို့ သတိပေးထားပါတယ်။ 

                GOMO Dev Team ရဲ့ Android Keyboard ၂ ခုဖြစ်တဲ့ “GO Keyboard – Emoji keyboard, Swipe input, GIFs” နဲ့ “GO Keyboard – Emoticon keyboard, Free Theme, GIF“ Keyboard တို့ဟာ အခုလိုမျိုး စွပ်စွဲခံထားရပေမယ့်၊ Application ၂ ခုစလုံးဟာ အသုံးပြုသူ သန်း ၁၀၀ ကျော် ကိုယ်စီရှိနေပြီး Rating အရလည်း ကောင်းတယ်လို့ ပြောနိုင်တဲ့ 4.4 နဲ့ 4.5 Stars ကိုယ်စီရှိနေတာပဲဖြစ်ပါတယ်။ 

               သုံးသပ်သူတွေရဲ့ ပြောကြားချက်အရ GO Keyboards တွေဟာ အသုံးပြုသူတွေရဲ့ Google Play Store နဲ့ ချိတ်ဆက်ထားတဲ့ Email Account တွေ၊ အသုံးပြုနေတဲ့ Network အမျိုးအစား၊ ဖုန်းရဲ့ Screen size, Android Version နဲ့ Build Number တွေကိုရယူနေပြီး၊ Remote Server တွေနဲ့လည်း အပြန်အလှန်ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ 

                တကယ်လို့သာ အခုလိုမျိုး GO Keyboards တွေဟာ Google Play Login Information ရယူဖို့ကြိုးစားတာ နဲ့ Google Play Store ထဲကမဟုတ်ဘဲ ပြင်ပ Source တွေကနေပြီးတော့ Executable Code တွေကို Download ရယူပြီး အသုံးပြုတာဟာ Developer Policy ကိုချိုးဖောက်တာနဲ့အတူတူပါပဲ။

                Keyboard Applications တွေဟာ ဖုန်းတစ်ခုမှာအရေးပါတဲ့ Applications တွေဖြစ်ပြီး ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ Email Address နဲ့ Passwords တွေ၊ Bank Accounts တွေနဲ့ ဖုန်းနံပါတ်တွေကို Keyboard Application တွေနဲ့ပဲ စာရိုက်နေရတာဖြစ်တဲ့အတွက် တကယ်လို့သာ ကိုယ့် Data တွေကို ရယူဖို့ကြိုးစားနေတယဆိုရင်တော့ စိုးရိမ်စရာပါပဲ။

                အခုအချိန်မှာတော့ Google ကနေ  ယခုကိစ္စကို စစ်ဆေးနေပြီး လာမယ့်အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပေးသွားမှာဖြစ်ပါတယ်။ ယခုကိစ္စကို Google သို့ သတင်းပေးပို့ခဲ့တဲ့ AdGuard ဟာလည်း

Google ကနေ ဘယ်လိုပဲဆုံးဖြတ်ချက်ချချ၊ ကျွန်တော်တို့အမြင်မှာတော့ Go Keyboard ရဲ့အပြုအမူတွေဟာ အန္တရာယ်ရှိစေနိုင်ပြီး လက်ခံစရာလည်းမကောင်းပါဘူး။ အသုံးပြုသူပေါင်း ၂၀၀ မီလီယံကျော်ရရှိထားတိုင်းလည်း ယုံကြည်ရတဲ့အနေအထားမှာရှိတယ်လို့မဆိုနိုင်ပါဘူး။ App တိုင်းကိုလည်း အသုံးပြုသူတွေအနေနဲ့ မျက်စိစုံမှိတ်ယုံတာမျိုးမပြုလုပ်ဘဲ၊ သူတို့ရဲ့ Privacy Policy နဲ့ ဒီ App ကိုအသုံးပြုဖို့အတွက် လိုအပ်တဲ့ Permission တွေကိုသေချာစစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။

                လို့ သတိပေးထားပါသေးတယ်။

References
Android Authority
About Author
Assinged Tags
Google Android Keyboard Apps Security Malware Spyware Go Keyboard
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed