Twitter Lite ကို Application အနေနဲ့ စတင်စမ်းသပ်နေပြီဖြစ်

date_range 25 September 2017

Twitter Lite ကို Application အနေနဲ့ စတင်စမ်းသပ်နေပြီဖြစ်

visibility 220 Views

                Facebook ကနေ သူရဲ့ Facebook Application နဲ့ Messenger Application တွေကို စွမ်းဆောင်ရည်နိမ့် Mobile Devices တွေမှာ အသုံးပြုနိုင်ဖို့အတွက် Lite Version Applications တွေကို ထုတ်ပေးထားသလိုပဲ Twitter ကလည်း Twitter Lite Application ကို စတင်စမ်းသပ်နေပြီပဲဖြစ်ပါတယ်။ 

                Twitter Lite ဟာ ယခုနှစ်အစောပိုင်းထဲက မိတ်ဆက်ခဲ့တဲ့ Features ဖြစ်ပြီး Application တစ်ခုအနေနဲ့ မဟုတ်ပဲ "lite.twitter.com" website မှာ သွားရောက်အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ Lite Version ဖြစ်တဲ့အတွက် အင်တာနက်အမြန်နှုန်းနှေးကွေးတဲ့နေရာတွေမှာ အသုံးပြုနိုင်အောင် ရည်ရွယ်ထားတာပါ။ 

                အခုစမ်းသပ်နေတဲ့ Twitter Lite Application ဟာ လက်ရှိအချိန်မှာတော့ ဖိလစ်ပိုင်နိုင်ငံမှာပဲ အသုံးပြုနိုင်သေးတာဖြစ်ပါတယ်။ Application ကလည်း Mobile Web Browser မှာအသုံးပြုသလိုပဲ နှေးကွေးတဲ့အင်တာနက်နဲ့အသုံးပြုနိုင်ပြီး၊ Data သုံးစွဲမှုလည်းနည်းပါးမှာဖြစ်ပါတယ်။ အနိမ့်ပိုင်း Storage နည်းပါးတဲ့ဖုန်းတွေမှာလည်း အသုံးပြုနိုင်အောင် Application ရဲ့ အရွယ်အစားအနေနဲ့ 3MB ဝန်းကျင်ပဲရှိမယ်လို့ သိရပါတယ်။ 

                Twitter Lite Application ဟာ အရွယ်အစားသေးငယ်ပေမယ့် ပုံမှန် Application ရဲ့ Features အများစုပါဝင်ဦးမှာဖြစ်ပြီး အသုံးပြုသူတွေက Data သုံးစွဲမှုများတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ပိတ်ထားနိုင်တဲ့ Settings တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ 

References
The Verge
About Author
Assinged Tags
Android iOS Twiitter App Twitter Lite
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed