World Wide Web ပေါ်မှာ Register လုပ်ပြီးသား Domain Name ပေါင်း ၃၃၁ သန်းကျော် ရှိလာ

date_range 24 September 2017

World Wide Web ပေါ်မှာ Register လုပ်ပြီးသား Domain Name ပေါင်း ၃၃၁ သန်းကျော် ရှိလာ

visibility 260 Views

                ယခု ၂၀၁၇ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်းမှာ မှတ်ပုံတင်ထားတဲ့ Domain Name ပေါင်း ၃၃၁.၉ သန်းအထိ ရှိလာပြီဖြစ်တယ်လို့ သောကြာနေ့မှာ VeriSign က ထုတ်ပြန်ခဲ့တဲ့ Report တစ်ခုအရ သိရှိရပါတယ်။

                Domain Names နဲ့ Internet Security ပိုင်းမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ VeriSign က ၂၀၁၇ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်းမှာတင် တစ်ကမ္ဘာလုံးကနေ Domain Name ပေါင်း ၁.၃ သန်းခန့် Register လုပ်ခဲ့ပြီး၊ ၂၀၁၇ ပထမသုံးလပတ်နဲ့ယှဉ်ရင် အရေအတွက် ၀.၄ ရာခိုင်နှုန်းလောက် တိုးတက်လာကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

                Domain Name Registrations ပမာဏဟာ တစ်နှစ်ထက်တစ်နှစ် ၆.၇ သန်း ပိုမိုများပြားလာပြီး၊ နှစ်စဉ် ၂.၁ ရာခိုင်နှုန်းလောက် တိုးပွားနေတယ်လို့ ဆိုပါတယ်။

“ အခု ၂၀၁၇၊ ဒုတိယသုံးလပတ်မှာ TLDs (Top Level Domains) တွေဖြစ်တဲ့ .com နဲ့ .net နှစ်ခုပေါင်းတင် စုစုပေါင်းခန့်မှန်းခြေ ၁၄၄.၃ သန်းလောက် ရှိပါတယ်။”

                လို့ VeriSign က ထုတ်ပြန်ခဲ့ပါတယ်။

                ပြီးခဲ့တဲ့ ဂျွန်လ ၃၀ ရက်နေ့မှာတုန်းက Register လုပ်ပြီးသား .com နဲ့ဆုံးတဲ့ Domain Names တွေက စုစုပေါင်း ၁၂၉.၂ သန်းရှိခဲ့ပြီး၊ .net နဲ့ ဆုံးတဲ့ Domain Name တွေက ၁၅.၁ သန်းရှိခဲ့တာကြောင့်၊ အရင်သုံးလပတ်ကထက် ၀.၈ ရာခိုင်နှုန်းများလာတာ ဖြစ်ပါတယ်။

                ပထမဆုံး .com နဲ့ ဆုံးတဲ့ Domain Name ကို ၁၉၈၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ Register လုပ်ခဲ့ပြီးနောက်၊ ၁၉၉၉ ခုနှစ်၊ မေလ ၂၉ ရက်မှာတော့ တစ်ကမ္ဘာလုံးမှာ Domain Name ပေါင်း ငါးသန်းပြည့်မြောက်ခဲ့ပါတယ်။ အခု ၁၈ နှစ်ကျော်အကြာမှာတော့ Domain Name ပေါင်း စုစုပေါင်း ၃၃၁ သန်းကျော်အထိ ရှိလာပါပြီ။

                Domain Name ဝယ်ယူချင်တဲ့သူတွေအနေနဲ့ သိထားသင့်တဲ့အချက်အလက်တွေအကြောင်း ဆွေးနွေးရေးသားထားတဲ့ ဆောင်းပါးကို ဒီမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


References
VeriSign
About Author
Assinged Tags
Internet Websites Domain Name Web World Wide Web Domains VeriSign
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed