Fashion Designer Jean-Charles de Castelbajac နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ OnePlus 5 JCC+ Limited Edition

date_range 22 September 2017

Fashion Designer Jean-Charles de Castelbajac နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ OnePlus 5 JCC+ Limited Edition

visibility 720 Views

                OnePlus ကုမ္ပဏီဟာ မနှစ်ကလည်း OnePlus 3T ဖုန်းကို Colette Edition ဆိုပြီး Midnight Black အရောင်နဲ့ ထုတ်လုပ်ခဲ့ပြီး ယခုနှစ်မှာလည်း OnePlus 5 Smartphone ကို နာမည်ကြီး ပြင်သစ်ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Jean-Charles de Castelbajac နဲ့ ပူးပေါင်းပြီး OnePlus 5 JCC+ Limited Edition ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ 

                အဆိုပါ OnePlus 5 JCC+ Limited Edition ဖုန်းဟာ ပုံမှန် OnePlus 5 Midnight Black နဲ့ အတွင်းပိုင်းမှာ ကွာခြားမှုမရှိပဲ Qualcomm Snapdragon 835 CPU, 8GB RAM, 128GB Storage နဲ့ 5.5" FullHD Display ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အပြင်ပိုင်းမှာတော့ အနည်းငယ်ကွာခြားသွားမှာပါ။

                ဘာတွေကွာခြားသွားမလဲဆိုရင် ဖုန်းရဲ့နောက်ကျောဘက်မှာ

“this is not a mobile phone, it is a crèative machine for artists, fashion expert, idèas catcher. This tool is kool you can use it also as a telephone.”

                လို့ ရေးသားထားတဲ့စာသားက အသိသာဆုံး ဖြစ်ပါလိမ့်မယ်။ နောက်ထပ်တစ်ခုကတော့ OnePlus 5 JCC+ Limited Edition မှာ ခလုတ်အရောင်တွေကလည်း ပြောင်းလဲထားပြီးတော့ Volume Keys ကို အနီရောင်၊ Silent Switch ကို အဝါရောင် နဲ့ Power Button ကို အပြာရောင်ဆိုပြီး ဆန်းသစ်ထားတာပဲဖြစ်ပါတယ်။ 

                နောက်ထပ်လည်း OnePlus 5 JCC+ Limited Edition မှာ Fashion Designer Jean-Charles de Castelbajac ကိုယ်တိုင်လက်နဲ့ရေးဆွဲထားတဲ့ Exclusive Wallpaper ၁၀ ခုလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ ဖုန်းကိုထည့်သွင်းထားတဲ့ဘူးခွံကလည်း တမျိုးဆန်းနေမှာပါ။ 

                OnePlus ကနေ အဆိုပါ OnePlus 5 JCC+ Limited Edition ဖုန်းကို ဥရောပမှာပဲ စက်တင်ဘာ ၂၂ ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပြီး €559 ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ OnePlus က ဖုန်းတင်မဟုတ်ပဲ Jean-Charles de Castelbajac က ဒီဇိုင်းဆွဲထားတဲ့ Limited Edition T-Shirts, Tote Bags, Caps နဲ့ Holsters တွေကိုပါ North America, Europe, China နဲ့ India မှာရောင်းချသွားဦးမှာပဲဖြစ်ပါတယ်။ 

References
Android Guys
About Author
Assinged Tags
Smartphones OnePlus 5 OnePlus OnePlus 5 JCC+ Limited Edition
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed