Microsoft ရဲ့ Mixed Reality Event ကို လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ပြုလုပ်သွားမည်

date_range 21 September 2017

Microsoft ရဲ့ Mixed Reality Event ကို လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ပြုလုပ်သွားမည်

visibility 100 Views

                Microsoft ကနေ Windows Mixed Reality နဲ့ သက်ဆိုင်တဲ့ Special Event တစ်ခုကို San Francisco မှာ လာမယ့် အောက်တိုဘာလ ၃ ရက်နေ့ ကျင်းပသွားမယ်လို့ တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

                အဆိုပါ Event အတွက် Invitation Teaser အနေနဲ့ " Opportunity to hear where Microsoft is headed next" လို့ ပြောထားတဲ့အတွက် Microsoft ရဲ့ နောက်လာမယ့်နှစ်တွေမှာပြုလုပ်လာမယ့် အစီအစဉ်တွေကို ထုတ်ဖော်ပြောသွားမယ်လို့ ယူဆရပါတယ်။ 

                ယခု Event မှာ Microsoft ရဲ့ Kinect နဲ့ HoloLens ကို ပြုလုပ်သူဖြစ်တဲ့ Alex Kipman ကိုယ်တိုင်စကားပြောဆိုသွားမယ်လို့ သိရတဲ့အတွက် အခုနောက်ဆုံး Microsoft က ပြုလုပ်နေတဲ့ Mixed Reality Headset တွေအကြောင်းကိုပဲ အဓိကထားမိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ 

                လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာလည်း Microsoft ကနေ Mixed Reality ကို ထောက်ပံ့ပေးနိုင်တဲ့ Windows 10 Creator Update ကို စတင်ထုတ်ပေးသွားမှာဖြစ်တဲ့အတွက်၊ အခု Event က Mixed Reality နည်းပညာပိုင်းကို ဦးစားပေးပြီးပြောသွားမယ်ဆိုတာကို သေချာသွားစေတယ်လို့ ပြောလို့ရမှာပါ။ နောက်လထဲမှာလည်း Mixed Reality Headset တွေဖြစ်တဲ့ $299 တန် Acer Headset, HP ရဲ့ Motion Controllers ပါဝင်တဲ့ $450 တန် Headset တစ်ခုနဲ့ Dell နဲ့ Lenovo တို့ကလည်း $349 တန် Mixed Reality Headsets တွေကို ရောင်းချသွားဖို့ ရှိနေပါသေးတယ်။ 

                Microsoft ရဲ့ ဒုတိယမြောက်မျိုးဆက်ဖြစ်လာမယ့် HoloLens ကိုတော့ AI Chip ပါ တခါတည်းထည့်သွင်းပြီး ထုတ်လုပ်သွားမယ်လို့ သတင်းထွက်နေတဲ့အတွက်ကြောင့် အခု ဒီ Event မှာတော့ ကြေငြာသွားနိုင်မှာ မဟုတ်သေးဘူးလို့ ခန့်မှန်းရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်လ ပထမပတ်ရောက်ရင်တော့ Microsoft ရဲ့ ဘယ်လိုနည်းပညာသစ်တွေကို တွေ့မြင်လာရမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Microsoft Windows Windows 10 HoloLens Mixed Reality Microsoft Event
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed