Bottom Bar ပါဝင်လာပြီး၊ UI ပြောင်းလဲမှုတွေနဲ့ ပိုသုံးရလွယ်လာတဲ့ Snapseed Update

date_range 20 September 2017

Bottom Bar ပါဝင်လာပြီး၊ UI ပြောင်းလဲမှုတွေနဲ့ ပိုသုံးရလွယ်လာတဲ့ Snapseed Update

visibility 1300 Views

                စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ဝါသနာပါသူတိုင်းလိုလို အသုံးပြုကြတဲ့ Photo Editing App “Snapseed” ရဲ့ Version Update အသစ် ထွက်ရှိလာပါတယ်။

                မတ်လကတည်းက Update မထွက်တာကြာနေပြီဖြစ်တဲ့ Snapseed App Update မှာ UI ပြောင်းလဲမှုတွေ တော်တော်လုပ်ထားတာတွေ့ရပါတယ်။ App ဝင်ဝင်ချင်းမှာ အရင်လို သိပ်သတိမထားမိနိုင်တဲ့ အနက်ရောင်နောက်ခံနဲ့ Snapseed Logo ကို လုံးဝဖြုတ်ပစ်လိုက်ပြီး၊ အဖြူရောင် Theme နဲ့ Photo ထည့်ဖို့ Plus Sign တစ်ခုပဲ ပြထားပါတယ်။ “Image Detailes” Button ကလည်း ညာဘက်အပေါ်ထောင့်မှာ အဆင်သင့်ရှိနေမှာဖြစ်ပါတယ်။ 

အောက်ပါ ယှဉ်လျက်ပုံအားလုံးမှာ ဘယ်ဘက်ပုံက Snapseed Old Version ဖြစ်ပြီး၊ ညာဘက်ကတော့ Version အသစ် ဖြစ်ပါတယ်။

                Edit Button ကိုလည်း လုံးဝဖျောက်ပစ်လိုက်ပြီး၊ အသစ်ထည့်သွင်းထားတဲ့ Bottom Bar ကနေပဲ Tools တွေကို စိတ်ကြိုက် ရွေးချယ်နိုင်မှာပါ။ Bottom Bar မှာ Looks, Tools နဲ့ Export ဆိုပြီး Tab သုံးခုရှိမှာပါ။ Looks ကတော့ အရင်က Filters ဖြစ်ပြီး၊ အရင်လို Tools အောက်မှာမဟုတ်ဘဲ သက်သက် Tab နဲ့ ဖြစ်သွားတာကြောင့် Scroll ဆွဲစရာမလိုတော့ပါဘူး။


                Snapseed ရဲ့ အသုံးဝင်ဆုံး Tools တွေကိုတော့ Bottom Bar က အလယ် Tab မှာ တွေ့ရမှာဖြစ်ပြီး၊ အရင်ကထက် ရှင်းလင်းသပ်ရပ်တဲ့ Grid ပုံစံနဲ့ ပြောင်းလဲဖော်ပြပေးထားပါတယ်။

                နောက်ဆုံး Tab ကတော့ Edit လုပ်ထားတဲ့ Photo တွေကို တခြား App ဆီ Share တာ၊ ကိုယ်ကြိုက်တဲ့ Folder ထဲ Export လုပ်တာတွေအတွက် Export Tab ဖြစ်ပါတယ်။

                Tools တွေကို အသုံးပြုတာကတော့ အရင်လိုပဲ ဘေးဘယ်ညာ Slide နဲ့ အပေါ်အောက် Swipe တွေလုပ်ပြီး သုံးရမှာပါ။

                ယခုပြောင်းလဲမှုတွေ ပါဝင်လာတဲ့ Snapseed 2.18 ကို Android အတွက် Play Store မှာ Download ရယူနိုင်ပြီဖြစ်ပြီး၊ iOS အတွက်တော့ မထွက်သေးပါဘူး။

References
9to5Google
About Author
Assinged Tags
Google Android Update Snapseed Photo Editing App
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed