CCleaner မှာ Malware ဝင်ရောက်နေပြီး၊ အသုံးပြုသူပေါင်း ၂.၂၇ သန်းခန့် ကူးစက်ခံခဲ့ရကြောင်း Piriform အတည်ပြု

date_range 20 September 2017

CCleaner မှာ Malware ဝင်ရောက်နေပြီး၊ အသုံးပြုသူပေါင်း ၂.၂၇ သန်းခန့် ကူးစက်ခံခဲ့ရကြောင်း Piriform အတည်ပြု

visibility 520 Views

                Windows မှာ လူသုံးအများဆုံး System Optimizer တစ်ခုဖြစ်တဲ့ CCleaner အသုံးပြုသူတွေအနေနဲ့ မိမိရဲ့ CCleaner Versions ကို သတိထားကြည့်ဖို့ လိုနေပါပြီ။

                Hacker တချို့ဟာ CCleaner Tool ကို ရေးဆွဲထားတဲ့ Piriform ကုမ္ပဏီရဲ့ မိခင်ကုမ္ပဏီ Avast ရဲ့ Download Servers တွေကို ထိုးဖောက်ဝင်ရောက်ကာ၊ CCleaner Version တစ်ချို့မှာ Malware ပါဝင်တဲ့ Malicious Code တွေ ထည့်သွင်းပြီး၊ Modify ပြုလုပ်သွားခဲ့တယ်လို့ Piriform က အတည်ပြုထားပါတယ်။ 

                Malware ပါနေတဲ့ CCleaner Version တွေကတော့ CCleaner 5.33.6162 နဲ့ CCleaner Cloud 1.07.3191 32-bit Versions တွေပါ ။ 32-bit Windows Versions သုံးသူတွေမှာပဲ Malware ဝင်ရောက်ခဲ့တာဖြစ်ပြီး၊ 64-bit Windows Version အသုံးပြုသူတွေနဲ့ Android က CCleaner သုံးသူတွေအတွက်တော့ စိုးရိမ်စရာမရှိပါဘူး။ တကယ်လို့ ဒီ 32-bit Versions သုံးတဲ့လူတွေဆိုရင်လည်း CCleaner Version အသစ်ကို Download လုပ်ပေးဖို့ Piriform က တိုက်တွန်းထားပါတယ်။

                Avast ရဲ့ အဆိုအရ Malware ပါတဲ့ ဒီ CCleaner Versions တွေကို Users ပေါင်း ၂.၂၇ သန်းခန့်က အသုံးပြုခဲ့ပြီး၊ လက်ရှိ Update ထုတ်ပေးပြီးချိန်မှာတော့ အသုံးပြုသူဦးရေ ၇၃၀,၀၀၀ ကို ကျဆင်းသွားပြီလို့ သိရပါတယ်။

                CCleaner ထဲက Payload ပါဝင်တဲ့ Malware ဟာ သိပ်အရေးမကြီးတဲ့ဒေတာတွေကို USA မှာရှိတဲ့ တဖက် IP Address တစ်ခုဆီ ပြန်ပေးပို့နေတာဖြစ်ကြောင်း Piriform က စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာပါ။ ဒီဒေတာတွေထဲမှာ Computer Name၊ IP Address၊ သွင်းထားတဲ့ Software စာရင်း၊ လက်ရှိသုံးနေတဲ့ Software စာရင်းနဲ့ Network Adapters အချက်အလက်တွေ ဖြစ်ပါတယ်။ တခြားဒေတာအချက်အလက်တွေ ပေးပို့နေတာမျိုးတော့ မတွေ့ရဘူးလို့ Piriform က ဆိုပါတယ်။

                CCleaner ရဲ့ Malware အလုပ်လုပ်ပုံအကြောင်း အသေးစိတ်သိချင်ရင် ယခု Link နဲ့ ယခု Link နှစ်ခုမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

                ဒီအဖြစ်အပျက်ကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီးနောက်၊ ချက်ချင်းဆိုသလို CCleaner Version အသစ်တွေကို Automatic Update ပြုလုပ်ပေးခဲ့သလို၊ Malware ပါနေတဲ့ CCleaner v5.33.6162 နဲ့ CCleaner Cloud v1.07.3191 တို့ကိုလည်း Download Server တွေကနေ ဖယ်ရှားပြီးဖြစ်လို့ စိုးရိမ်စရာတော့ မရှိတော့ပါဘူး။

                လက်ရှိမှာ Piriform အနေနဲ့ အခု Malware ထည့်သွင်းခဲ့တဲ့သူတွေနဲ့၊ ဘယ်လိုထည့်သွင်းခဲ့တယ်၊ ဘာကြောင့် လုပ်ခဲ့တာလဲဆိုတာကို US စစ်ဆေးရေးအရာရှိတွေနဲ့အတူ ပူးပေါင်းစုံစမ်းလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

References
The Next Web Piriform
About Author
Assinged Tags
Windows Malwares Security 32-Bit Apps CCleaner Avast Piriform
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed