iPhone Screen လဲတဲ့စျေးနှုန်းတွေကို USD $20 ပိုမိုတိုးမြှင့်သတ်မှတ်လိုက်တဲ့ Apple

date_range 19 September 2017

iPhone Screen လဲတဲ့စျေးနှုန်းတွေကို USD $20 ပိုမိုတိုးမြှင့်သတ်မှတ်လိုက်တဲ့ Apple

visibility 480 Views

                Apple ကနေ တိတ်တဆိတ်ပဲ iPhone Screen လဲတဲ့စျေးနှုန်းတွေကို $20 ပိုမိုတိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ သတ်မှတ်လိုက်တဲ့ Device တွေကတော့ iPhone 6S, iPhone 6S Plus, iPhone 7 နဲ့ iPhone 7 Plus တို့ပဲဖြစ်ပါတယ်။ 

                Screen Size သေးငယ်တဲ့ iPhone 6S နဲ့ 7 တို့ဟာ Screen လဲတဲ့နှုန်းထားတွေကို ယခင် USD $129 ကနေ $149 အထိ၊ Screen Size ကြီးမားတဲ့ iPhone 6S Plus နဲ့ 7 Plus တို့ကိုတော့ ယခင် $149 အစား $169 ပြောင်းလဲသတ်မှတ်ထားပါတယ်။ USD $149 နဲ့ $169 စျေးနှုန်းတွေဟာ အခုအသစ်ထွက်ရှိလာမယ့် iPhone 8 နဲ့ 8 Plus တို့အတွက်လည်း အကျုံး၀င်မှာဖြစ်ပါတယ်။

                ဒီ စျေးနှုန်းတွေဟာ တကယ်တမ်းတော့ Apple ရဲ့ Extended Warranty Service တစ်မျိုးဖြစ်တဲ့ AppleCare+ မရယူထားတဲ့သူတွေအတွက်ပဲဖြစ်ပါတယ်။ ဒီ AppleCare+ Warranty Service ရယူထားတဲ့သူတွေအတွက်ကတော့ ဘယ် Device ပဲဖြစ်ဖြစ် Screen လဲတဲ့နှုန်းထားကို USD $29 သတ်မှတ်ပေးထားပါတယ်။ 

                ဒါပေမယ့်လည်း Apple ဟာ ဒီ AppleCare+ Extended Warranty အတွက် စျေးနှုန်းကို Screen Size ကြီးတဲ့ဖုန်းတွေ (iPhone 6S Plus, iPhone 7 Plus, iPhone 8 Plus) အတွက် USD $129 ကနေ  $149 ပြောင်းလဲသတ်မှတ်ထားပါတယ်။ Screen Size သေးငယ်တဲ့ iPhone 6S, iPhone 7 နဲ့ iPhone 8 တို့အတွက်ကတော့ ယခင်စျေးနှုန်းအတိုင်း USD $129 နဲ့ Warranty Service ကို ၀ယ်ယူထားနိုင်မှာဖြစ်ပါတယ်။

                Apple အနေနဲ့ iPhone X အတွက်ကိုတော့ Screen လဲတဲ့နှုန်းထားကို မသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့်လည်း Apple ဟာ iPhone X အတွက် AppleCare+ စျေးနှုန်းကိုတော့ USD $200 ခန့်သတ်မှတ်ထားလိမ့်မယ်လို့ အကြမ်းဖျမ်းအရ သိရှိထားပါတယ်။

References
The Verge
About Author
Assinged Tags
AppleCare iPhone 7 Plus iPhone 7 Apple's iPhone Apple iPhone 6S iPhone 6S Plus AppleCare+ Screen Replacement
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed