FullHD AMOLED Display ၊ 23 MP ကင်မရာ၊ Snapdragon 820 SoC နဲ့ မိတ်ဆက်လိုက်တဲ့ Asus Zenfone V

date_range 17 September 2017

FullHD AMOLED Display ၊ 23 MP ကင်မရာ၊ Snapdragon 820 SoC နဲ့ မိတ်ဆက်လိုက်တဲ့ Asus Zenfone V

visibility 320 Views

                ထိုင်ဝမ်အခြေစိုက် Asus ဟာ US မှာ Zenfone V ဆိုတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်တစ်မျိုးကို မနေ့ (စက်တင်ဘာလ ၁၆ ရက်နေ့) က မိတ်ဆက်လိုက်ပါတယ်။ Apple လိုမျိုး Zenfone 5 လို့တော့ ခေါ်ဆိုမှာမဟုတ်ဘဲ၊ Zenfone V (vee) လို့သာ ခေါ်ဆိုမှာဖြစ်ပါတယ်။

                Asus Zenfone V ဟာ အသုံးပြုထားတဲ့ Hardware တွေ ကောင်းမွန်ပေမယ့်၊ စိတ်မကောင်းစရာတစ်ခုက Carrier သီးသန့်ဖုန်းတစ်လုံးဖြစ်ပြီး၊ Verizon ကနေပဲ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ V ဆိုတာ Verizon ကို ပေးထားတာဖြစ်ပါတယ်။


                Asus ဟာ သူ့ဖုန်းတော်တော်များများမှာ AMOLED Display သုံးလေ့သိပ်မရှိပေမယ့် Zenfone V မှာတော့ ၅.၂ လက်မ fullHD AMOLED Display ကို အသုံးပြုထားပြီး၊ Chipset က လက်ရှိအချိန်ထိ Performance ထိပ်တန်းနေရာမှာ ဝင်နေသေးတဲ့ Snapdragon 820 SoC တို့ကို အသုံးပြုထားပါတယ်။

                Display ကို Corning Gorilla Glass နဲ့ အုပ်ပေးထားပြီး၊ အပြင်နေရောင်ခြည်ထဲမှာ ကောင်းကောင်းအသုံးပြုနိုင်ဖို့နဲ့ Contrast (အဖြူအနက်ပြတ်သားမှု) ကောင်းဖို့အတွက် Tu2life နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။


                2.2GHz Quad-Core Snapdragon 820 SoC မှာ Adreno 530 GPU ၊ 4 GB RAM နဲ့ 32 GB Internal Storage တို့ ပါရှိမှာဖြစ်ပြီး၊ microSD ကတ်ကနေ 256 GB အထိ ထပ်စိုက်နိုင်မှာပါ။

                ကင်မရာပိုင်းမှာတော့ 23-megapixel ကျောကင်မရာကို တပ်ဆင်ထားပြီး၊ f/2.0 Aperture, Auto-focus, OIS, Dual-LED Flash တို့ ပါရှိမှာပါ။ ရှေ့ကင်မရာကတော့ 8-megapixel, f/2.0 Camera ဖြစ်ပါတယ်။


                ဘက်ထရီအတွက် 3,000mAh ဘက်ထရီကို အသုံးပြုထားပြီး၊ USB-C ကနေ PowerDelivery 2.0 အားသွင်းစနစ်အသုံးပြုနိုင်မှာပါ။ Android 7.1 Nougat အခြေခံ ASUS ZenUI 3.0 နဲ့ဖြစ်ပါတယ်။ Asus ကတော့ Zenfone V ဖုန်းမှာ Audio Chipset နဲ့ Audio Technology ကောင်းကောင်း အသုံးပြုပေးထားတယ်လို့ ဆိုပါတယ်။

                Asus Zenfone V မှာ Fingerprint Sensor, IR Blaster, Gyroscope စတဲ့ အရေးကြီး Sensor တွေ အကုန်ပါဝင်မှာဖြစ်ပြီး၊ Sapphire Black အရောင်တစ်မျိုးတည်း ဝယ်ယူရရှိနိုင်မှာပါ။ ရောင်းမယ့်အချိန်နဲ့ စျေးနှုန်းကိုတော့ Verizon က မကြေငြာသေးပါဘူး။

References
GSM Arena Gizbot
About Author
Assinged Tags
Asus Smartphones Verizon Zenfone V
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed