ဖုန်းကို ရက် ၆၀ ခန့် အသုံးမပြုရင် Device Backups တွေကို အလိုအလျောက်ဖျက်ပစ်မည့် Google Drive

date_range 15 September 2017

ဖုန်းကို ရက် ၆၀ ခန့် အသုံးမပြုရင် Device Backups တွေကို အလိုအလျောက်ဖျက်ပစ်မည့် Google Drive

visibility 460 Views

                Android ဖုန်းတစ်လုံးကို ကိုင်နေပြီဆိုတာနဲ့ Android OS ရဲ့ Setting ထဲမှာ ရှိတဲ့ Backup & Reset ကနေ Google Account ထဲကို ဖုန်းရဲ့ အရေးကြီး Data တွေဖြစ်တဲ့ Wi-Fi Passwords, Application Data အချို့အပြင် Call History, Device Setting အစရှိတဲ့ ဖုန်းရဲ့ Data တွေကို Backup ရယူထားနိုင်တဲ့ Function ပါဝင်ပါတယ်။

                ပုံမှန်အနေနဲ့ကြည့်ရင် ဒီ Features ဟာ ဖုန်းပြောင်းသုံးနေတတ်တဲ့သူတွေအတွက် အဆင်ပြေတယ်လို့ ပြောလို့ရပေမယ့် Google Backup ဟာ တစ်ခုတော့ အားနည်းချက်ရှိနေပါတယ်။ အဲ့ဒါကတော့ Device ကို Backup လုပ်ထားပေးပေမယ့် အဆိုပါ Backup Files ဟာ အသုံးမပြုပဲထားမယ်ဆိုရင် ရက် ၆၀ ကြာတာနဲ့ အလိုအလျောက်ဖျက်ပစ်သွားမှာပါ။

                လက်ရှိအချိန်မှာ အဆိုပါ Google Backup Features ကို Android 6.0 နဲ့ အထက်ဖုန်းတွေမှာ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ အခုလိုမျိုးအားနည်းချက်ကို Tanglebrook နာမည်နဲ့ Reddit User တစ်ယောက်က သူ့အဖြစ်အပျက်ကို တခြားလူတွေသိအောင်လို့ အသိပေးခဲ့ပါတယ်။ Tanglebrook ဆိုသူဟာ သူရဲ့ Nexus 6P Battery မကောင်းတဲ့အတွက် လအတော်တော်ကြာ အသုံးမပြုနိုင်ဖြစ်ခဲ့ပြီး၊ ကြားထဲမှာ iPhone ကို ပြောင်းသုံးနေခဲ့ပါတယ်။ နောက်မှ ပြန်ဖွင့်ကြည့်တဲ့အချိန်မှာ Google Drive ထဲက Nexus ဖုန်းရဲ့ Device Backup Data တွေအကုန်လုံးက Expired ဖြစ်ပြီး ပျက်သွားတာကြုံတွေ့ခဲ့ရတယ်လို့ ညည်းတွားထားပါတယ်။

                ဒါပေမယ့် တကယ်တမ်းတော့ Google ကိုယ်တိုင်က ဒီအချက်ကို ပြောကြားထားပြီးသားပါ။ User တစ်ယောက်အနေနဲ့ တကယ်လို့ ကိုယ့်ဖုန်းကို ၂ ပတ်ကျော်ကြာတဲ့အထိအသုံးမပြုဘူးဆိုရင်၊ အဆိုပါ Backup ရယူထားတဲ့ Data ရဲ့ အောက်မှာ ဘယ်နှရက်နေရင် Expire ဖြစ်ပြီး ပျက်သွားမလဲဆိုတာကို ဖော်ပြထားပါတယ်။ ဖုန်းကို ပြန်ဖွင့်ပေးလိုက်ရင်တော့ Expiry Date ပြန်ပျောက်သွားမှာပါ။ 

                အခုလိုမျိုး Google ရဲ့ Backup စနစ်က အနည်းငယ်မပြည့်စုံမှုလေးတွေရှိနေချိန်မှာ၊ ကိုယ့် ဖုန်း Device Data တွေကို  Google မှာ Backup လုပ်ထားတယ်ဆိုရင် ဖုန်းကို မသုံးပဲ ကြာကြာပစ်ထားတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါမှမဟုတ် အခြားသော Cloud Service တစ်ခုခုမှာပဲ Wi-Fi Passwords, Application တွေလိုမျိုးကို သီးခြားထုတ်ထားပြီး Backup ပြုလုပ်ထားတာကပဲ ပိုပြီး စိတ်ချရမှာဖြစ်ပါတယ်။

                Cloud Storage Service တော်တော်များများက အသုံးမပြုတာကြာတဲ့ Account က Data တွေဆို အချိန်အတိုင်းအတာတစ်ခုမှာ ဖျက်ပစ်နေကြဖြစ်လို့၊ Google Drive အဖြစ်က သိပ်မထူးဆန်းပါဘူး။ ဒါပေမယ့် Google အနေနဲ့ Google Drive Account တစ်ခုထဲက Data တွေကို ဖျက်ပစ်မယ်ဆိုတာ User ကို လုံးဝအသိပေး၊အကြောင်းကြားခြင်းမရှိတာကိုတော့ အဆိုပါ Reddit User က တော်တော်လေးမကြေမချမ်းဖြစ်နေပါတယ်။

" Email မလာ၊ Notification အကြောင်းမကြား၊ ဘာလုပ်ဆိုတာ လုံးဝအသိမပေးပါဘူး။ ဒီ့ထက်ဆိုးတာက ငါ့ရဲ့ 100 GB Drive Storage မှာ မဖျက်ဘဲ သိမ်းပေးထားဖို့ Option တောင် မရှိတာပါ။"

                သူ့အနေနဲ့ Drive Support Team ကို ဆက်သွယ်အကြောင်းကြားခဲ့ရာမှာလည်း၊ စိတ်မကောင်းစွာပဲ အခုပျက်သွားတဲ့ Data တွေကို ပြန်ယူလို့ မရနိုင်ကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။

                စာဖတ်သူအနေနဲ့လည်း ကိုယ့် Android Device ရဲ့ Data တွေကို Drive နဲ့ Backup လုပ်ထားမိရင် သတိထားကြဖို့ တိုက်တွန်းချင်ပါတယ်။

References
Android Authority The Next Web
About Author
Assinged Tags
Google Android Android Marshmallow Google Drive Google Cloud Storage Cloud Storage Android Backups
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed