Smartphone Features သစ်တွေထည့်တဲ့နေရာမှာ Android က iPhone ထက်သာပါတယ်လို့ ပြောလိုက်တဲ့ Qualcomm

date_range 12 September 2017

Smartphone Features သစ်တွေထည့်တဲ့နေရာမှာ Android က iPhone ထက်သာပါတယ်လို့ ပြောလိုက်တဲ့ Qualcomm

visibility 1340 Views

                Apple နဲ့ Qualcomm တို့ဟာ နိုင်ငံတကာမူပိုင်ခွင့်တွေ ဘာတွေ၊ ညာတွေနဲ့ ပက်သက်ပြီး ကုမ္ပဏီနှစ်ခု တစ်ခုနဲ့တစ်ခု ရန်ဆောင်နေကြတာ ကြာပါပြီ။ Qualcomm အနေနဲ့ လွန်ခဲ့တဲ့ မေလတုန်းကပဲ US ကို iPhone တွေ တင်သွင်းခွင့် ပိတ်ဆို့ဖို့ ကြိုးပမ်း ခဲ့ဖူးပါတယ်။ 

                အခုလည်း ကြည့်ပါဦး။ Apple Event ကျင်းပဖို့ နာရီပိုင်းလောက်ပဲ လိုတော့တဲ့အချိန်မှာ Qualcomm အနေနဲ့ ကိုယ့်ကိုကိုယ်ချီးကျူးထားသလိုလိုနဲ့ Apple ကို တည်ဖဲ့ထားတဲ့ Blog Post တစ်ခုကို ဒီနေ့ပဲတင်ထားပါတယ်။ ဒီ Blog Post ထဲမှာတော့ Fast Charing, Quick Charging, Fingerprint Under Display စတဲ့ Smartphone Features သစ်တွေဟာ Smartphone Industry မှာဆိုရင်တော့ Android Phone တွေမှာပဲ “ပထမဦးဆုံး” စတင်ပါဝင်လာခဲ့ပါတယ်ဆိုတာကို သက်ဆိုင်ရာ ကုမ္ပဏီနာမည်ပါ, ပါဝင်တဲ့ ဇယားတစ်ခုကို ပြသထားပါတယ် (အောက်မှာ ကြည့်ရှုပါ)။


                Qualcomm အနေနဲ့ အခုလောလောဆယ် အရမ်းဟော့နေတဲ့ iPhone 8 မှာ ပါဝင်လာတော့မယ့် OLED Screen, Wireless Charging, Face ID, Edge-To-Edge Display စတဲ့ Features သစ်တွေဟာ Android Phone တွေမှာ “ပထမဆုံး” ပါဝင်လာခဲ့တယ်ဆိုတာကို ပြောချင်ပုံရပါတယ်။ Apple Event မကျင်းပမီ Apple ကို အရှက်ခွဲချင်ပုံလည်း ရပါတယ်။

                ဒါပေမယ့်လည်း ဒီနေရာမှာ Qualcomm အနေနဲ့ အချက်အလက် မှားယွင်းတာနေတာတွေရှိတယ်လို့ 9to5Google က Ben နဲ့ The Verge က Chris Welch က ပြောထားပါတယ်။ ဘာလို့လည်းဆိုတော့ Qualcomm အနေနဲ့ “ပထမဆုံး” Smartphone Features တွေပါလို့ ပြောထားတဲ့ Features တွေတစ်ချို့က မမှန်ပါဘူး။ 

                9to5Google က Ben ကတော့

                “Apple အနေနဲ့ ပထမဆုံးဆိုတဲ့ နေရာမရောက်ချင်နေပါစေ Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပြီ ဆိုရင်တော့ မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်တတ်တယ်”

လို့ မှတ်ချက်ပေးထားပါတယ်။

                ဆက်လက်ပြီး ဒီဇယားထဲမှာ Iris Authentication နည်းပညာဟာ Galaxy S8 မှာ "ပထမဆုံး" စပြီးပါဝင်လာတယ်လို့ ပြောထားတာက မှားနေပါတယ်။ အမှန်တကယ်က ဒီနည်းပညာကို Galaxy S8 ထက်စောပြီး အသုံးပြုခဲ့တဲ့ Smartphone တွေလည်းရှိပါတယ်။ အဲ့တော့ Qualcomm အနေနဲ့ ဖဲ့သာဖဲ့ချင်တာ အချက်အလက်တစ်ချို့ကတော့ မခိုင်လုံသလို၊ မှားလည်း မှားနေပါတယ်။

                နောက်ပြီး

                “အခုခေတ် Smarphone (Android ပဲဖြစ်ဖြစ်၊ iPhone ပဲဖြစ်ဖြစ်) တွေမှာပါဝင်လာတဲ့ အတွေ့အကြုံသစ်တွေနဲ့ နည်းပညာသစ်တွေဟာ Qualcomm ကနေ Foundation ချပေးလိုက်တာ”

လို့ Blog Post ထဲမှာ Qualcomm က ကိုယ်ရည်သွေးထားပါသေးတယ်။ 

                ဒါတင်မကသေးပါဘူး။ ဆက်ပြီးတော့လည်း Qualcomm က

                “ကုမ္ပဏီအနေနဲ့ နောက်ထပ်ဆက်လက်ပြီး ပထမဆုံး ဆိုတဲ့ နည်းပညာတွေကို Partner တွေနဲ့အတူ လက်တွဲပြီးတော့ တီထွင်ကြံဆသွားမယ်”

လို့လည်း ရေးသားထားပါသေးတယ်။

                Qualcomm ကအခုလို လုပ်ခဲ့တာနဲ့ ပက်သက်ပြီး The Verge က Chris Welch ကတော့ “Qualcomm အနေနဲ့ ဒီလိုမျိုး Blog Post ကို ဘာရည်ရွယ်ချက်နဲ့များ တင်ထားခဲ့တာလည်း ဆိုတာကို စဉ်းစားလို့ မရပါဘူး။ နောက်ပြီးတော့ သုံးထားတဲ့ အချက်အလက်တွေကလည်း Google Search မှာ တက်လာသမျှ Results တွေထဲက ကောက်ထည့်ထားတဲ့ပုံစံမျိုးကြီး ဖြစ်နေပါတယ်” လို့ ပြောထားပါတယ်။

                ဒီ Blog Post နဲ့ ပက်သက်ပြီးတော့ Apple ဘက်က ဘယ်လိုတုန့်ပြန်မလဲ မသိပေမယ့် မကြာမီကျင်းပတော့မယ့် Apple Event မှာ iPhone 8 မှာ ပါဝင်လာမယ့် Feature သစ်တွေကို အခုလိုမျိုး တိုက်ခိုက်မှုတွေကြားကနေပြီးတော့ ဘယ်လိုမျိုး မိတ်ဆက်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်ကြတာပေါ့။

References
Qualcomm The Verge 9to5Mac
About Author
Assinged Tags
Qualcomm Apple iPhone Apple Special Event
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed