ကိုယ့် Google Account Activity ကို ပုံစံအသစ်နဲ့ ကြည့်ရှုနိုင်မယ့် Google Dashboard ကို မကြာမီ မြင်တွေ့ရမည်

date_range 10 September 2017

ကိုယ့် Google Account Activity ကို ပုံစံအသစ်နဲ့ ကြည့်ရှုနိုင်မယ့် Google Dashboard ကို မကြာမီ မြင်တွေ့ရမည်

visibility 380 Views

                ကျွန်တော်တို့ Google Account တစ်ခုကို Gmail တစ်ခုထဲအတွက် မဟုတ်ပဲ နေရာအမျိုးမျိုးမှာ အသုံးပြုနေကြရတာဖြစ်ပါတယ်။ ဥပမာပြောရရင် လက်ရှိ Mobile Game တွေအကုန်လုံးနီးပါးမှာ Google Account နဲ့ Sign In ဝင်ဖို့ လိုအပ်သလို Google Chrome မှာ Google Account Sign In ဝင်ရောက်ပြီး Web Browsing ပြုလုပ်တယ်ဆိုရင်လည်း အဲ့ဒီ ချိတ်ဆက်ထားတဲ့ Application တွေနဲ့ Web Browsing History အကုန်လုံးကို Google ကနေမှတ်သားထားမှာပဲဖြစ်ပါတယ်။ 

                ယခုအချိန်အထိ ကိုယ့် Google Account နဲ့ ပတ်သတ်တဲ့ Information တွေ၊ Google Account နဲ့ ဝင်ရောက်ထားတဲ့ Devices နဲ့ Application တွေအကြောင်း သိချင်တယ်ဆိုရင် www.myaccount.google.com ကနေ ဝင်ရောက်ပြီး ကြည့်ရှုနေကြရတာဖြစ်ပါတယ်။ အဆိုပါ Website က Desktop ကနေဆိုရင် အသုံးပြုရတာအဆင်ပြေပေမယ့် Mobile Version မှာတော့ အရမ်းကြီး အဆင်ပြေတယ်လို့ ပြောလို့မရသေးဘူးဖြစ်ပါတယ်။ 


                အဲ့ဒီအတွက် Google ဟာ လုံးဝကို အစအဆုံးပြန်လည်ပြင်ဆင်ထားတဲ့ Google Dashboard Feature ကိုပြောင်းလဲမယ့်ရက်ကို အတိအကျမပြောထားပေမယ့် လာမယ့် ရက်ပိုင်းအတိုင်းမှာမိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Dashboard မှာ My Account နဲ့ My Activity လိုမျိုး မပါမဖြစ် Features တွေအပြင် Google Activity တွေ၊ Search History တွေနဲ့ Google Products တွေဖြစ်တဲ့ Maps, YouTube နဲ့ Search တို့က သိမ်းဆည်းထားတဲ့ Data တွေကိုပါ ဖျက်ပစ်နိုင်တဲ့ Portal တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။


                Google က My Account Dashboard ကို နှစ်စဉ် လူသန်းပေါင်း ရာနဲ့ချီပြီး အသုံးပြုနေကြတယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ လူသန်းပေါင်း ဆယ်ဂဏန်းဝန်းကျင်ကပဲ သူတို့ရဲ့ Google Account လုံခြုံရေးကို တစ်ဆင့်ပြီးတစ်ဆင့် စစ်ဆေးပေးနိုင်တဲ့ Privacy Checkup Feature ကို အသုံးပြုနေတယ်လို့ သိရပါတယ်။ 

                နောက်တစ်ခုကတော့ Google မှာ ကိုယ့်ရဲ့ Google Account Information အကုန်လုံးကို Zip File အနေနဲ့ Offline သိမ်းဆည်းနိုင်တဲ့ Takeout Feature ကို ၂၀၁၁ ခုနှစ်ထဲက မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာ လတိုင်း လူတစ်သန်းဝန်းကျင် အဆိုပါ Feature ကို အသုံးပြုနေတဲ့လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်အထိ Offline အနေနဲ့ Download ရယူပြီးတဲ့ User Information စုစုပေါင်း 1 Exabyte ကျော် (ဒါမှမဟုတ်) 1 Billion Gigabytes လောက်တောင်ရှိနေပြီပဲဖြစ်ပါတယ်။ 


References
The Verge
About Author
Assinged Tags
Google Google Account Activity Google Account Google Takeout Google Dashboard
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed